ငြိမ့်ညောင်းတဲ့ အတွေ့အကြုံတစ်ခုအတွက် 4 GB RAM နဲ့ ပွဲထွက်လာမယ့် Y95

ပြည်တွင်းက အလယ်အလတ်တန်းစား Mid-Range ဖုန်းတွေကြားမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားပြီးဖြစ်တဲ့ Vivo ရဲ့ နောက်ထပ် ထပ်မံထွက်ရှိလာမယ့် မျိုးစက်သစ်ဖုန်းတစ်လုံးအဖြစ် Y95 ကို မြင်တွေ့ရတော့မယ်လို့ ဆိုတာကတော့ သေချာသလောက် ရှိနေပါပြီ။ ပြည်တွင်းစမတ်ဖုန်း ဈေးကွက်အတွက်ကတော့ ရင်ခုန်စရာပါပဲ။

ကနဦးရရှိထားတဲ့ သတင်းတွေအရတော့ Y95 အနေနဲ့ RAM 4 GB၊ ROM 64 GB တို့နဲ့ ပွဲထွက်လာလိမ့်မယ်လို့ ဆိုကြပြီး အနောက်ကင်မရာ ၂ လုံးကို ဒေါင်လိုက်အနေအထားနဲ့ မြင်တွေ့ရဦးမှာပါ။ မျက်နှာပြင်အနေနဲ့ကတော့ Vivo ရဲ့ ရှေ့မှာထွက်ရှိခဲ့တဲ့ V11 တို့ V11i တို့အတိုင်း Halo FullView Display ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

သူ့ရဲ့ဈေးနှုန်းအနေနဲ့ကတော့ မများလွန်း၊ မနည်းလွန်းဆိုတဲ့ အနေအထားတစ်ခုမှာ ရှိလောက်ပါတယ်။ ဒါကလည်း တခြားသောပြိုင်ဖက်ဖုန်းတွေဆီကနေ ဈေးကွက်ဝေစု ခပ်များများခွဲယူနိုင်ဖို့အတွက် ဗျူဟာကောင်းတစ်ခုပါ။ ပြီးတော့ Y95 ရဲ့ နောက်ထပ်ဆွဲဆောင်မှုကောင်းတဲ့ အချက်တစ်ချက်ကိုလည်း သိရှိထားပါသေးတယ်။ ဒီနေ့ခေတ်လူသားတွေရဲ့ တစ်နေ့တာ အချိန်တော်တော်များများကို စမတ်ဖုန်းတွေနဲ့ ဖြတ်သန်းကြရာမှာ Battery အကုန်မြန်တဲ့ ပြဿနာကလည်း စဉ်းစားစရာတစ်ခုပါ။ ဒီအတွက် Y95 မှနေပြီး 4030 mAh Battery ကိုတပ်ဆင်ပေးသွားမယ်လို့လည်း ကြားသိနေရပါတယ်။

ပြည်တွင်းဈေးကွက်မှာ Y95 ကို တရားဝင် ရရှိနိုင်မယ့် အချိန်ကိုတော့ လတ်တလော တိတိကျကျ မသိရသေးပေမယ့် သိပ်မကြာတော့မယ့် အချိန်အတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ဈေးနှုန်းနဲ့ User Experience အနေအထား ဘယ်လိုရှိမလဲဆိုတာကတော့ ပိတ်ကားထက်မှာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

%d bloggers like this: