0 Shares 209 Views

Android အတွက် ထုတ်ပေးထားတဲ့ Apple Music app မှာ ဂီတဗီဒီယိုတွေပါ ကြည့်နိုင်ပြီ

May 01, 2016
0 209

Apple က Android ပလက်ဖောင်းအတွက် ထုတ်ပေးထားတဲ့ Apple Music for Android အက်ပလီကေးရှင်းမှာ အခုဆိုရင် ဂီတဗီဒီယိုတွေပါ ကြည့်နိုင်ပြီဖြစ်ပါတယ်။

Appe Music for Android အက်ပလီကေးရှင်းဟာ မနေ့က update အသစ်ထွက်လာဖြစ်ပြီး၊ ဗီဒီယိုကြည့်နိုင်တဲ့ feature အပြင်၊ အခုဆို Android သုံးစွဲသူတွေအနေနဲ့ Apple ရဲ့ လစဉ်ကြေးအစီအစဉ်တွေကိုပါ လစဉ်ကြေးသွင်းပြီး ရယူနိုင်တဲ့ဝန်ဆောင်မှုပါ ပါဝင်လာပါတယ်။ အရင်တုန်းက ဒီ feature တွေကို iOS မှာပဲ ရခဲ့တာပါ။

အခုဆိုရင် Android ကနေလည်း Apple Music ရဲ့ မိသားစု plan တွေကို တစ်လ ၁၄.၉၉ ဒေါ်လာနဲ့ လစဉ်ကြေးသွင်းရယူ နိုင်ပြီဖြစ်ပြီး၊ ဒီ မိသားစု plan ကို လူခြောက်ယောက်အထိ သုံးနိုင်ပါတယ်။ တစ်ယောက်တည်းသုံးမယ်ဆိုရင် တော့ တစ်လ ၉.၉၉ ဒေါ်လာပါ။

Apple ဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလတုန်းက Apple Music for Android မှာ သီချင်းတွေကို SD ကတ်ထဲ save လုပ်ထားနိုင်တဲ့ feature ကို ထည့်သွင်းပေးခဲ့ပြီး၊ အခုလည်း လစဉ်ကြေးပေးသုံးနိုင်တဲ့အစီအစဉ်တွေနဲ့၊ ဂီတဗီဒီယို ကြည့်နိုင်တဲ့ဝန်ဆောင်မှုတွေကိုပါ ထပ်မံထည့်သွင်းပေးလိုက်တာကြောင့် Android ဂီတပရိတ်သတ်တွေကို အားကောင်းကောင်းနဲ့ ဆွဲဆောင်နေပုံပေါ်ပါတယ်။

Apple Music for Android အက်ပလီကေးရှင်းကို Google Play Store ကနေ အခမဲ့ဒေါင်းလုဒ်ဆွဲနိုင်ပြီး၊ သုံးလ အခမဲ့စမ်းသုံးခွင့်ရှိပါတယ်။

apple-music-videos21-nexus6p

Ref: The Verge

 

 

 

 

 

 

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category