Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ

ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖိုု့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။

iPhone X နဲ့ နောက်ပိုင်းထုတ်များ

၁။ အိုင်ဖုန်းရဲ့ ညာဘက်မှ Side Button ကို ဖိထားပါ။
၂။ ဘယ်ဘက်မှ Volume Up Button ကို နှိပ်ပြီး လွှတ်လိုက်ပါ။
၃။ စကရင်ရဲ့ ဘယ်ဘက်အောက်ခြေမှာ သင့် စကရင်ရှော့ရဲ့ Thumbnail ဟာ စက္ကန့်ပိုင်းလောက် ပေါ်နေမှာပါ။
၄။ Thumbnail ကို တစ်ချက်နှိပ်ပြီး Edit လုပ်နိုင်ပါတယ်။ Thumbnail ကို ဖိထားပြီး Share လုပ်နိုင်ပါတယ်။ Thumbnail ကို ဘယ်ဘက်သို့ ပွတ်ဆွဲပြီး Dismiss လုပ်နိုင်ပါတယ်။

11” iPad Pro နဲ့ 12.9” iPad Pro

၁။ Top Button ကို ဖိထားပါ။ Volume Up Button ကိုလည်း ဖိထားပါ။ ၂ ခုစလုံးကို တစ်ပြိုင်နက် လွှတ်ပါ။
၂။ စကရင်ရဲ့ ဘယ်ဘက်အောက်ခြေမှာ Preview Thumbnail ဟာ စက္ကန့် အနည်းငယ်ကြာ ပေါ်နေမှာပါ။

iPhone 8 နဲ့ အစောပိုင်းထုတ် iPad, iPod Touch များ

၁။ Top or Side Button ကို ဖိထားပါ။
၂။ Home Button ကို တစ်ချက် အမြန်နှိပ်ပါ။ ပြီးရင် Top or Side Button ကို လွှတ်ပါ။

AssistiveTouch အသုံးပြုနည်း

AssistiveTouch ဟာ Pinching , 3D Touch , Multi-finger Swiping များလို Gesture Commands များကို ပြုလုပ်လို့ရတဲ့ ဆော့ဖ်ဝဲ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ သူ့ကိုသုံးပြီး စကရင်ရှော့ ရိုက်နိုင်ပါတယ်။

၁။ Settings > General > Accessibility ထဲသွားပြီး AssistiveTouch ကို Enable လုပ်ပါ။ စကရင်ရှော့ အတွက်ကိုသာ AssistiveTouch ကို Enable လုပ်လို့တောင် ရပါတယ်။
၂။ Open Menu Option မှာ Screenshot Action ကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ပိုမြန်စွာ Customize လုပ်ချင်ရင် Settings > General > Accessibility > AssistiveTouch > Customize Top Level Menu ထဲသွားပါ။
၃။ အဲဒီမှာ Add Screenshot Command ကို Assign လုပ်ပြီး Single-tap, Double-tap , Long Press , 3D Touch များကနေ Menu ကို ဖွင့်ဖို့ ရွေးချယ်ပါ။ စကရင်ရှော့ အတွက်ပဲ AssistiveTouch ကို သုံးမယ်ဆိုရင် စကရင်ရှော့ကို တိုက်ရိုက် ရိုက်ကူးဖို့ တူညီတဲ့ အက်ရှင်များ သတ်မှတ်နိုင်ပါတယ်။
၄။ သင်သတ်မှတ်ထားတဲ့ အက်ရှင်ကို သုံးပြီး Menu ကို ဖွင့်ပါ။ သို့မဟုတ် တိုက်ရိုက် စကရင်ရှော့ ရိုက်ပါ။
၅။ Physical Button များကို သုံးပြီး စကရင်ရှော့ ရိုက်သလိုပဲ Preview Thumbnail ပေါ်လာမှာပါ။ Thumbnail ကို တစ်ချက်နှိပ်ပြီး Edit လုပ်နိုင်ပါတယ်။ Thumbnail ကို ဖိထားပြီး Share လုပ်နိုင်ပါတယ်။ Thumbnail ကို ဘယ်ဘက်သို့ ပွတ်ဆွဲပြီး Dismiss လုပ်နိုင်ပါတယ်။

Ref : androidpit

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ

%d bloggers like this: