Apple က ပြဿနာ ဖြစ်နေတဲ့ iPhone X နဲ့ MacBook Pro များကို အခမဲ့ ပြင်ပေးမည်

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ iPhone X နဲ့ ၁၃ လက်မ MacBook Pro များမှာ စွမ်းဆောင်ရည် ပြဿနာများ ဖြစ်ပွားနေတဲ့ သတင်းများ တက်လာပါတယ်။ အခုတော့ Apple က အဲဒီ အလုံးများကို အခမဲ့ ပြုပြင်ပေးမယ့် အစီအစဉ်ကို ပြုလုပ်ပေးလိုက်ပါတယ်။

iPhone X ရဲ့ ပြဿနာက ထိတွေ့မျက်နှာပြင် ကောင်းစွာ အလုပ်မလုပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိတွေ့ အသုံးပြုခြင်း မရှိရင်တောင် ဖုန်းဟာ အလိုလို အလုပ်များ လုပ်နေပါတယ်။ အဲဒီ ပြဿနာ ဖြစ်ပွားရင် Apple က အခမဲ့ ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ Apple က ပြဿနာ ဖြစ်နေတဲ့ iPhone X ကို Apple Store သို့မဟုတ် Authorized Apple Repair Shop သို့ ယူဆောင်သွားပါလို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အီးမေးကနေ Apple ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လနဲ့ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းမှာ ရောင်းချတဲ့ Touch Bar မပါတဲ့ ၁၃ လက်မ MacBook Pro များမှာ Storage Drive ပျက်ဆီးမှုကြောင့် ဒေတာများ ဆုံးရှုံးနေပါတယ်။ 128 နဲ့ 256GB SSD ပါတဲ့ MacBook Pro များမှာ ဒီပြဿနာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ပြဿနာ ဖြစ်ပွားတာက SSD ကြောင့် ဖြစ်ပါတယ်။ သင့် လက်ပ်တော့ဟာ ဒီပြဿနာ ဖြစ်ပွားနေရင် Apple က အခမဲ့ ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ လက်ပ်တော့များကိုလည်း Apple Store သို့မဟုတ် Authorized Apple Repair Shop သို့ ယူဆောင်သွားပါလို့ ညွှန်ကြားထားပါတယ်။

Ref : techradar

Apple က ပြဿနာ ဖြစ်နေတဲ့ iPhone X နဲ့ MacBook Pro များကို အခမဲ့ ပြင်ပေးမည်

%d bloggers like this: