Galaxy S9, S9+ နဲ့ Note 9 တို့အတွက် One UI ပါတဲ့ Android Pie Beta ရတော့မည်

Samsung က ယခုတစ်ပတ် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ Developer Conference မှာ One UI ပါတဲ့ Android Pie Beta ကို စွမ်းရည်မြင့် ဖုန်းများအတွက် ဖြန့်ချီပေးမယ်လို့ ကြေညာခဲ့ပါတယ်။ One UI ဟာ ရှင်းလင်းပြီး အသုံးပြုရတာ လွယ်ကူအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ဆမ်ဆောင်းက ယခုလကုန်မှာ Galaxy S9 , S9+ , Note 9 များအတွက် ပထမဆုံး Public Beta ကို ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။

အခုတော့ Samsung Germany က One UI ပါတဲ့ Android Pie Beta ကို Galaxy S9, S9+ နဲ့ Note 9 တို့မှာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရရှိတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီနေ့မှာ ဂျာမနီမှာ ရရှိမှာတော့သေချာပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှာလည်း Beta Program များကို ပြုလုပ်ပေးထားတဲ့ အတွက် အဲဒီ နိုင်ငံများမှာလည်း အဲဒီ အချိန်နဲ့ သိပ်မကွာဘဲ ရရှိတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းကို ဆမ်ဆောင်းရဲ့ ဝန်ထမ်းတစ်ဦးက ပြောတာ ဖြစ်တဲ့ အတွက် သိပ်တော့ အတည်ယူလို့ မရသေးပါဘူး။ ဆမ်ဆောင်းက ၂၀၁၇ ခုနှစ်ထုတ် Galaxy S8, S8+ နဲ့ Note 8 တို့အတွက်လည်း One UI ပါတဲ့ Android Pie Beta ကို ထည့်သွင်းပေးမယ်လို့ အတည်ပြုထားပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနောက်ပိုင်းမှ ဖြန့်ချီပေးမယ်လို့ ထင်ရပါတယ်။

Ref : gsmarena

Galaxy S9, S9+ နဲ့ Note 9 တို့အတွက် One UI ပါတဲ့ Android Pie Beta ရတော့မည်

%d bloggers like this: