၆ လက်မ မျက်နှာပြင်နဲ့ ထွက်လာတဲ့ Samsung Galaxy J4 Core

Samsung က Galaxy J4 Core ကို တရားဝင် ကြေညာလိုက်ပါတယ်။ သူဟာ ဆမ်ဆောင်းရဲ့ ဒုတိယမြောက် Android Go Smartphone ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သင့်တော်ပါတယ်။ သူ့ရဲ့ အထင်ကရ အစိတ်အပိုင်းက မျက်နှာပြင် ဖြစ်ပါတယ်။ LCD ကိုပဲ သုံးထားပေမယ့် အရွယ်ကြီး ၆ လက်မ မျက်နှာပြင် ဖြစ်ပါတယ်။ HD+ (720×1480) Resolution ဖြစ်ပါတယ်။

ဒါပေမယ့် Chipset ကတော့ အဟောင်းကိုပဲ သုံးထားပြီး Samsung ကိုယ်တိုင် ထုတ်ထားတဲ့ Exynos 7570 Quad SoC ဖြစ်ပါတယ်။ 1.4GHz Quad-Core Cortex A53 CPU ပါပြီး J2 Core နဲ့ တူပါတယ်။ အဲဒါကြောင့် ဆမ်ဆောင်းက Specs Sheet မှာ SoC ကို မဖော်ပြထားတာပါ။

မန်မိုရီ အပိုင်းမှာလည်း ယခင်မော်ဒယ်နဲ့ တူညီပါတယ်။ သူ့မှာ 1GB RAM , 16GB Storage ထည့်သွင်းထားပြီး 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 8MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ ထည့်သွင်းထားပါတယ်။ Android 8.1 Oreo Go Edition မောင်းနှင်ထားပါတယ်။

သူ့ရဲ့ Specs များဟာ နိမ့်ကျပေမယ့် Android Go Phone ဖြစ်တဲ့ အတွက် အလွန် လျှင်မြန်မှာပါ။ အခြား Android Go Device များလိုပဲ သူဟာ အလွန်ဈေးသက်သာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ယခင်မျိုးဆက် Galaxy J2 Core ဟာ ဒေါ်လာ ၁၀၀ စွန်းစွန်းသာ ရှိတဲ့ အတွက် Galaxy J4 Core ကလည်း အဲဒီဈေးလောက်ပဲ ရှိမှာပါ။ ဆမ်ဆောင်းက သူ့ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ အနက်၊ ရွှေနဲ့ အပြာရောင်များ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

၆ လက်မ မျက်နှာပြင်နဲ့ ထွက်လာတဲ့ Samsung Galaxy J4 Core

%d bloggers like this: