1932 Shares 323 Views

Huawei Mate 20 Series အား ျမန္မာျပည္ေစ်းကြက္အတြင္း တရားဝင္စတင္ေရာင္းခ်

Nov 10, 2018
1932 323

(Zawgyi)

ျမန္မာႏိုုင္ငံတြင္ ပထမဆံုုးအႀကိမ္အျဖစ္ Huawei Flagship ထုုတ္ကုုန္သစ္ကိုု သံုုးစြဲသူအမ်ားအျပားက ညလံုုးေပါက္ စံခ်ိန္တင္ တန္းစီေစာင့္ဆိုုင္း၍ ဝယ္ယူခဲ့ၾကပါတယ္။

Huawei Device Myanmar သည္ စမတ္ဖုုန္းေလာကတြင္ လႊမ္းမိုုးမႈအရွိဆံုုးႏွင့္ အဆင့္ျမင့္နည္းပညာမ်ားျဖင့္ ဒီဇိုုင္းျပဳလုုပ္ထားသည့္ Flagship ထုုတ္ကုုန္သစ္ Huawei Mate 20 Series ၏ ပထမဆံုုးအေရာင္းပြဲေတာ္ကိုု ႏိုုဝင္ဘာလ (၁၀) ရက္ေန႔က ရန္ကုုန္ၿမိဳ႕ Junction City တြင္ က်င္းပခဲ့ၿပီး ပထမဆံုုးလာေရာက္ဝယ္ယူသူ (၄၀)ဦးကိုု အံၾသဖြယ္ရာ တန္ဖိုုးႀကီးလက္ေဆာင္မ်ား ေပးအပ္ခဲ့သည္။

ကမာၻ႔မီဒီယာမ်ားက ခ်ီးမြမ္းခဲ့ၾကသည့္ Huawei Mate 20 Series တြင္ ခမ္းနားသည့္ အသြင္အျပင္၊ ဆန္းသစ္သည့္ နည္းပညာႏွင့္ သာလြန္သည့္ စြမ္းေဆာင္မ်ားေၾကာင့္ ရွန္ဟိုုင္း၊တရုုတ္ႏွင့္ စင္ကာပူတိုု႔တြင္ စတင္ေရာင္းခ်စဥ္က Pre-Order ရယူရန္ မနက္ (၆)နာရီမွ စတင္၍ တန္းစီဝယ္ယူခဲ့ၾကေသာ္လည္း ျမန္မာႏုုိင္ငံတြင္ စတင္ေရာင္းခ်သည့္ေန႔တြင္ ႏိုုဝင္ဘာလ (၉ )ရက္ေန႔ ည (၈) နာရီမွ စတင္၍ ဝယ္ယူသူမ်ားက ညလံုုးေပါက္ တန္းစီေစာင့္ဆိုုင္းခဲ့ၾကသည္။

Huawei Mate 20 Series ၏ ပထမဆံုုးအေရာင္းပြဲတြင္ Huawei Mate 20 ဝယ္ယူသူမ်ားအတြက္ Huawei Talkband B5, Huawei NM Card 128 GB,Telenor Wifi Broadband, 10,000 mAH Powerbank မ်ား ေပးအပ္ခဲ့ၿပီး Mate 20 Pro ဝယ္ယူသူမ်ားအတြက္ Huawei Talkband B5, Huawei NM Card 128 GB,Telenor Wifi Broadband, 10,000 mAH Powerbank ႏွင့္ Huawei Wireless Charger မ်ား ေပးအပ္ခဲ့သည္။ ထို႔အျပင္ အေစာဆံုး ဝယ္ယူသူ (၄၀)ဦး အနက္ အေစာဆံုုးလာေရာက္ တန္းစီ၍ ေစာင့္ဆိုုင္းသူ ၅ ဦးကိုု 4G စနစ္ အသံုုးျပဳႏုုိင္သည့္ Huawei Smartwatch ႏွင့္ က်န္ရွိသည့္ (၃၅)ဦးကိုု Huawei Media Pad T3 10 Tablet မ်ား ထပ္ေဆာင္း လက္ေဆာင္ေပးအပ္ခဲ့သည္။

Huawei Device Myanmar ၏ Marketing Director မခင္ရတနာဝင္းက “ညကတည္းက တန္းစီၿပီး ဝယ္ယူခဲ့ၾကတဲ့ သံုုးစြဲသူ တစ္ဦးခ်င္းစီကိုု Huawei အေနနဲ႔ အထူးပဲ ေက်းဇူးတင္ရွိပါတယ္။ Huawei အေနနဲ႔ ဒီေန႔မွာ မွတ္တိုုင္သစ္တစ္ခုုကိုု စိုုက္ထူႏုုိင္ခဲ့ပါၿပီ။ အားလံုုးေမွ်ာ္လင့္ခဲ့တဲ့အတိုုင္း ထပ္တူက်ခဲ့တဲ့ Huawei Mate 20 Series က ျမင့္မားတဲ့ အသိဥာဏ္နဲ႔ AI စြမ္းရည္၊ Leica Ultra-Wide Angle Lens ၊ ၿပိဳင္ဖက္ကင္း ဘတၳရီေၾကာင့္ သံုုးစြဲသူေတြ လူမႈဘဝေတြကိုု အဆင္ေျပေစမယ့္ အေကာင္းဆံုုး ‘Mate’ မိတ္ေဆြျဖစ္လာမွာပါ” ဟုု ေျပာၾကားလိုုက္သည္။

Huawei Mate 20 ႏွင့္ Mate 20 Pro တြင္ ၆.၅ လက္မအရြယ္ ႏွင္းစက္ပံုုစံ မ်က္ႏွာျပင္ႏွင့္ ၆.၃၉ လက္မ အရြယ္ Light-emitting diode (OLED) Full View မ်က္ႏွာျပင္ပါဝင္ၿပီး ျမင္ကြင္းက်ယ္ ရႈေထာင့္ကိုု ရိုုက္ကူးႏုုိင္ရန္ Leica မွန္ဘီလူး ကင္မရာ သံုုးခု ၊ ဖုုန္းတြင္းစြမ္းေဆာင္ခ်က္မ်ားကိုု အေကာင္းဆံုုးေထာက္ပံ့ေပးႏုုိင္သည့္ Kirin 980 ကိုုလည္း ပံ့ပိုုးေပးထားသည္။ ထိုု႔ျပင္ Huawei Mate 20 Pro တြင္ သံုုးစြဲသူ လံုုၿခံဳေရးအတြက္ တစ္မူထူးျခားသည့္ In-Screen Fingerprint ႏွင့္ ၂၀ ရာခိုုင္ႏႈန္း အထိ တိုးတက္ျမန္ဆန္လာသည့္ Unlock Speed တို႔ကိုပါ ထည့္သြင္းေပးထားသည္။

“ကၽြန္ေတာ္ မေန႔ည (၈) နာရီထဲက လာတန္းစီၿပီး ေစာင့္ခဲ့တာပါခင္ဗ်။ အႀကိဳက္ဆံုး feature ဆိုရင္ ေျပာလို႔ေတာင္ကုန္မွာမဟုတ္ပါဘူး။ Huawei Talkband B5၊ Huawei NM Card 128 GB နဲ Telenor Wifi Broadband၊ Huawei Wireless Charger အျပင္ ပထမဆံုးတန္းဆီတဲ့သူ ငါးေယာက္ကို Huawei Smart Watch ပါေပးပါတယ္။ လက္ေဆာင္ေတြအမ်ားႀကီးထဲက ကၽြန္ေတာ္အႀကိဳက္ဆံုးကေတာ့ Huawei Smart Watch ပဲ။ ဒီ Smart Watch ကို အျပင္မွာလဲ ဝယ္လို႔မရေသးဘူးဆိုုေတာ့ ညထဲက လာေစာင့္ရက်ိဳးနပ္သြားၿပီေပါ့ဗ်ာ”

ဟုု Huawei Mate 20 Pro ကိုု ပထမဆံုုး ဝယ္ယူႏိုုင္သည့္ ကိုုလင္းထက္ေအာင္က ေျပာဆိုုသည္။

ျမန္မာႏုုိင္ငံတြင္ Huawei Mate 20 Pro ကိုု Emerald Green ႏွင့္ Black အေရာင္ျဖင့္ ရရွိႏိုုင္ၿပီး Huawei Mate 20 ကိုု Midnight Blue နွင့္ Twilight အေရာင္တိုု႔ျဖင့္ ရရွိႏိုုင္မည္ျဖစ္သည္။ Huawei Mate 20 ကိုု ျမန္မာေငြက်ပ္ ၁,၀၉၉,၀၀၀ ျဖင့္ ေရာင္းခ်လ်က္ရွိၿပီး Huawei Mate 20 Pro အား ျမန္မာေငြက်ပ္ ၁,၄၉၉,၀၀၀ ျဖင့္ ေရာင္းခ်လ်က္ရွိသည္။

PRODUCT SPECIFICATIONS

HUAWEI MATE20

HUAWEI MATE20 PRO

Display 6.53″ 2244 X 1080 (FHD+) 6.39″ 3120 X 1440 (2K+)
Dimension 158.2 * 77.2 * 8.3mm 157.8 * 72.3 * 8.6mm
Fullview 18.7:9, LCD Display, Dewdrop Design 19.5:9, AMOLED Curved Display, North Design
Chipset Hisilicon Kirin 980, 7nm Mobile AI Chipset Hisilicon Kirin 980, 7nm Mobile AI Chipset
CPU Octa-core 2.6GHz Octa-core 2.6GHz
OS/UI 9.0 + EMUI 9.0 9.0 + EMUI 9.0
RAM/ROM 6GB + 128GB 6GB + 128GB
Camera Back Triple 12MP Wide Lens f1.8 + 16MP Ultra Wide Angle f1.6 + 8MP Telephoto f2.4 Triple 40MP Wide Lens f1.8 + 20MP Ultra Wide Angle f2.2 + 8MP Telephoto f2.4
Camera Front 24MP f2.0 24MP f2.0 (3D Depth Sensing)
Battery 4000mAh, Supercharge 22.5 4200mAh, 40W Supercharge Wireless Reversed Charging
Fingerprint Yes (Physical) Yes (In-screen)
NFC Yes Yes
SD Card Nano SD (NM Card
IP Rating / IP68 Water & Dust Resistant
Color Midnight Blue, Black Emerald Green, Black.

(Unicode)

Huawei Mate 20 Series အား မြန်မာပြည်ဈေးကွက်အတွင်း တရားဝင်စတင်ရောင်းချ

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် Huawei Flagship ထုတ်ကုန်သစ်ကို သုံးစွဲသူအများအပြားက ညလုံးပေါက် စံချိန်တင် တန်းစီစောင့်ဆိုင်း၍ ဝယ်ယူခဲ့ကြပါတယ်။

Huawei Device Myanmar သည် စမတ်ဖုန်းလောကတွင် လွှမ်းမိုးမှုအရှိဆုံးနှင့် အဆင့်မြင့်နည်းပညာများဖြင့် ဒီဇိုင်းပြုလုပ်ထားသည့် Flagship ထုတ်ကုန်သစ် Huawei Mate 20 Series ၏ ပထမဆုံးအရောင်းပွဲတော်ကို နိုဝင်ဘာလ (၁၀) ရက်နေ့က ရန်ကုန်မြို့ Junction City တွင် ကျင်းပခဲ့ပြီး ပထမဆုံးလာရောက်ဝယ်ယူသူ (၄၀)ဦးကို အံသြဖွယ်ရာ တန်ဖိုးကြီးလက်ဆောင်များ ပေးအပ်ခဲ့သည်။

ကမ္ဘာ့မီဒီယာများက ချီးမွမ်းခဲ့ကြသည့် Huawei Mate 20 Series တွင် ခမ်းနားသည့် အသွင်အပြင်၊ ဆန်းသစ်သည့် နည်းပညာနှင့် သာလွန်သည့် စွမ်းဆောင်များကြောင့် ရှန်ဟိုင်း၊တရုတ်နှင့် စင်ကာပူတို့တွင် စတင်ရောင်းချစဉ်က Pre-Order ရယူရန် မနက် (၆)နာရီမှ စတင်၍ တန်းစီဝယ်ယူခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် စတင်ရောင်းချသည့်နေ့တွင် နိုဝင်ဘာလ (၉ )ရက်နေ့ ည (၈) နာရီမှ စတင်၍ ဝယ်ယူသူများက ညလုံးပေါက် တန်းစီစောင့်ဆိုင်းခဲ့ကြသည်။

Huawei Mate 20 Series ၏ ပထမဆုံးအရောင်းပွဲတွင် Huawei Mate 20 ဝယ်ယူသူများအတွက် Huawei Talkband B5, Huawei NM Card 128 GB,Telenor Wifi Broadband, 10,000 mAH Powerbank များ ပေးအပ်ခဲ့ပြီး Mate 20 Pro ဝယ်ယူသူများအတွက် Huawei Talkband B5, Huawei NM Card 128 GB,Telenor Wifi Broadband, 10,000 mAH Powerbank နှင့် Huawei Wireless Charger များ ပေးအပ်ခဲ့သည်။ ထို့အပြင် အစောဆုံး ဝယ်ယူသူ (၄၀)ဦး အနက် အစောဆုံးလာရောက် တန်းစီ၍ စောင့်ဆိုင်းသူ ၅ ဦးကို 4G စနစ် အသုံးပြုနိုင်သည့် Huawei Smartwatch နှင့် ကျန်ရှိသည့် (၃၅)ဦးကို Huawei Media Pad T3 10 Tablet များ ထပ်ဆောင်း လက်ဆောင်ပေးအပ်ခဲ့သည်။

Huawei Device Myanmar ၏ Marketing Director မခင်ရတနာဝင်းက “ညကတည်းက တန်းစီပြီး ဝယ်ယူခဲ့ကြတဲ့ သုံးစွဲသူ တစ်ဦးချင်းစီကို Huawei အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ Huawei အနေနဲ့ ဒီနေ့မှာ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါပြီ။ အားလုံးမျှော်လင့်ခဲ့တဲ့အတိုင်း ထပ်တူကျခဲ့တဲ့ Huawei Mate 20 Series က မြင့်မားတဲ့ အသိဉာဏ်နဲ့ AI စွမ်းရည်၊ Leica Ultra-Wide Angle Lens ၊ ပြိုင်ဖက်ကင်း ဘတ္ထရီကြောင့် သုံးစွဲသူတွေ လူမှုဘဝတွေကို အဆင်ပြေစေမယ့် အကောင်းဆုံး ‘Mate’ မိတ်ဆွေဖြစ်လာမှာပါ” ဟု ပြောကြားလိုက်သည်။

Huawei Mate 20 နှင့် Mate 20 Pro တွင် ၆.၅ လက်မအရွယ် နှင်းစက်ပုံစံ မျက်နှာပြင်နှင့် ၆.၃၉ လက်မ အရွယ် Light-emitting diode (OLED) Full View မျက်နှာပြင်ပါဝင်ပြီး မြင်ကွင်းကျယ် ရှုထောင့်ကို ရိုက်ကူးနိုင်ရန် Leica မှန်ဘီလူး ကင်မရာ သုံးခု ၊ ဖုန်းတွင်းစွမ်းဆောင်ချက်များကို အကောင်းဆုံးထောက်ပံ့ပေးနိုင်သည့် Kirin 980 ကိုလည်း ပံ့ပိုးပေးထားသည်။ ထို့ပြင် Huawei Mate 20 Pro တွင် သုံးစွဲသူ လုံခြုံရေးအတွက် တစ်မူထူးခြားသည့် In-Screen Fingerprint နှင့် ၂၀ ရာခိုင်နှုန်း အထိ တိုးတက်မြန်ဆန်လာသည့် Unlock Speed တို့ကိုပါ ထည့်သွင်းပေးထားသည်။

“ကျွန်တော် မနေ့ည (၈) နာရီထဲက လာတန်းစီပြီး စောင့်ခဲ့တာပါခင်ဗျ။ အကြိုက်ဆုံး feature ဆိုရင် ပြောလို့တောင်ကုန်မှာမဟုတ်ပါဘူး။ Huawei Talkband B5၊ Huawei NM Card 128 GB နဲ Telenor Wifi Broadband၊ Huawei Wireless Charger အပြင် ပထမဆုံးတန်းဆီတဲ့သူ ငါးယောက်ကို Huawei Smart Watch ပါပေးပါတယ်။ လက်ဆောင်တွေအများကြီးထဲက ကျွန်တော်အကြိုက်ဆုံးကတော့ Huawei Smart Watch ပဲ။ ဒီ Smart Watch ကို အပြင်မှာလဲ ဝယ်လို့မရသေးဘူးဆိုတော့ ညထဲက လာစောင့်ရကျိုးနပ်သွားပြီပေါ့ဗျာ”

ဟု Huawei Mate 20 Pro ကို ပထမဆုံး ဝယ်ယူနိုင်သည့် ကိုလင်းထက်အောင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် Huawei Mate 20 Pro ကို Emerald Green နှင့် Black အရောင်ဖြင့် ရရှိနိုင်ပြီး Huawei Mate 20 ကို Midnight Blue နှင့် Twilight အရောင်တို့ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ Huawei Mate 20 ကို မြန်မာငွေကျပ် ၁,၀၉၉,၀၀၀ ဖြင့် ရောင်းချလျက်ရှိပြီး Huawei Mate 20 Pro အား မြန်မာငွေကျပ် ၁,၄၉၉,၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

PRODUCT SPECIFICATIONS

HUAWEI MATE20

HUAWEI MATE20 PRO

Display 6.53″ 2244 X 1080 (FHD+) 6.39″ 3120 X 1440 (2K+)
Dimension 158.2 * 77.2 * 8.3mm 157.8 * 72.3 * 8.6mm
Fullview 18.7:9, LCD Display, Dewdrop Design 19.5:9, AMOLED Curved Display, North Design
Chipset Hisilicon Kirin 980, 7nm Mobile AI Chipset Hisilicon Kirin 980, 7nm Mobile AI Chipset
CPU Octa-core 2.6GHz Octa-core 2.6GHz
OS/UI 9.0 + EMUI 9.0 9.0 + EMUI 9.0
RAM/ROM 6GB + 128GB 6GB + 128GB
Camera Back Triple 12MP Wide Lens f1.8 + 16MP Ultra Wide Angle f1.6 + 8MP Telephoto f2.4 Triple 40MP Wide Lens f1.8 + 20MP Ultra Wide Angle f2.2 + 8MP Telephoto f2.4
Camera Front 24MP f2.0 24MP f2.0 (3D Depth Sensing)
Battery 4000mAh, Supercharge 22.5 4200mAh, 40W Supercharge Wireless Reversed Charging
Fingerprint Yes (Physical) Yes (In-screen)
NFC Yes Yes
SD Card Nano SD (NM Card
IP Rating / IP68 Water & Dust Resistant
Color Midnight Blue, Black Emerald Green, Black.

You may be interested

Samsung Galaxy S10 မွာ Infinity-O Display နဲ႔ Ultrasonic Fingerprint Scanner ပါမည္
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung Galaxy S10 မွာ Infinity-O Display နဲ႔ Ultrasonic Fingerprint Scanner ပါမည္

Ko Thuya - Nov 14, 2018

လာမယ့္ႏွစ္မွာ ေၾကညာမယ့္ Samsung Galaxy S10 ရဲ႕ သတင္းအခ်က္အလက္မ်ား အခု ကတည္းက ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုလည္း Evan Blass က သူ႔မွာ မ်က္ႏွာျပင္ေအာက္ Selfie ကင္မရာ ထည့္သြင္းထားမယ္လို႔ ေျပာပါတယ္။ Infinity-O Notch ပါလာႏုိင္တာေၾကာင့္…

Waymo ရဲ႕ ေမာင္းသူမဲ့ တကၠစီ ဝန္ေဆာင္မႈကို လာမယ့္လမွာ စတင္မည္
Automobiles, NEWS, Tech Update
34 shares5 views

Waymo ရဲ႕ ေမာင္းသူမဲ့ တကၠစီ ဝန္ေဆာင္မႈကို လာမယ့္လမွာ စတင္မည္

Ko Thuya - Nov 14, 2018

Waymo က ဒီဇင္ဘာလ အေစာပိုင္းမွာ ေမာင္းသူမဲ့ တကၠစီ ၀န္ေဆာင္မႈကို စတင္ေတာ့မယ္လို႔ အမည္မေဖာ္ျပထားတဲ့ အရင္းအျမစ္တစ္ခုက Bloomberg ကို ေျပာပါတယ္။ Phoenix Arizona မွာ ၀န္ေဆာင္မႈကို ျပဳလုပ္ေပးမယ္လို႔ ထင္ရပါတယ္။ အဲဒီ ေဒသမွာ ကုမၸဏီက ေမာင္းသူမဲ့…

Amazon ထက္ ေရာင္းအားေကာင္းခဲ့တဲ့ Alibaba ရဲ႕ Singles Day
NEWS
305 shares36 views

Amazon ထက္ ေရာင္းအားေကာင္းခဲ့တဲ့ Alibaba ရဲ႕ Singles Day

Ko Thuya - Nov 14, 2018

Alibaba က ႏုိ၀င္ဘာလ ၁၁ ရက္ေန႔မွာ ၁၀ ႀကိမ္ေျမာက္ Singles Day ေစ်းေရာင္းပြဲေတာ္ကို ျပဳလုပ္ေပးခဲ့ၿပီး ေဒၚလာ ၃၀.၈ ဘီလီယံဖိုးျဖင့္ ေရာင္းအား စံခ်ိန္တင္သြားခဲ့ပါတယ္။ ၂၄ နာရီအတြင္းမွာ အဲဒီ ပမာဏကို ေရာင္းခ်ႏုိင္ခဲ့တာျဖစ္ပါတယ္။ ၁ မိနစ္နဲ႔…

Leave a Comment

Most from this category