4425 Shares 241 Views


Nov 10, 2018
4425 241





Ref : digitaltrends

[Unicode]

၆ စက္ကန့်အတွင်းမှာ သွားများကို သန့်ရှင်းရေး ပြုလုပ်ပေးမယ့် စမတ် သွားတိုက်စက်

သွားနဲ့ ခံတွင်း ဆရာဝန်များက သွားများ အားလုံးကို သန့်ရှင်းစေဖို့ တစ်ကြိမ်လျှင် အချိန် ၃ မိနစ်လောက် သွားတိုက်ပေးဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်။ အခုတော့ ၆ စက္ကန့်အတွင်းမှာ သွားများရဲ့ ၉၉.၉ ရာခိုင်နှုန်းကို သန့်ရှင်းရေး လုပ်ပေးမယ့် စမတ် သွားတိုက်စက် ပေါ်လာပါပြီ။ သူ့ရဲ့ အမည်က Unobrush ဖြစ်ပြီး သူက အသံလှိုင်းများဖြင့် သွားများကို သန့်ရှင်းပေးတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။

သင့် ရေချိုးခန်းထဲက သမားရိုးကျ သွားပွတ်တံများဟာ အီကိုလိုင်း အပါအဝင် ဘက်တီးရီးယား သန်း ၁၀၀ အထိ ကူးစက်နိုင်ပါတယ်။ သွားပွတ်တံဟာ အိမ်သာနဲ့ နီးရင် ပိုလို့တောင် ကူးစက်နိုင်ပါတယ်။ သင့် အိမ်သာကို ရေဆွဲချလိုက်ရင် ဘက်တီးရီးယားများဟာ လေထုထဲကို ရောက်လာတတ်ကြတဲ့အတွက် သင့် သွားပွတ်တံမှာ ပေကျံနေနိုင်ပါတယ်။

ဒီပြဿနာကို Unobrush က ဖြေရှင်းပေးထားပါတယ်။ ဘက်တီးရီးယားများ မတွယ်ကပ်စေဖို့ သွားတိုက်စက်အတွက် Docking Station ကို ဖန်တီးပေးထားပါတယ်။ Station က နေရောင်ခြည် အလင်းတန်းကို အသုံးပြုပြီး ဘက်တီးရီးယားများကို ၉၉.၉ ရာခိုင်နှုန်းအထိ သတ်ပေးပါတယ်။

Unobrush အမည်ရ စမတ် သွားတိုက်စက်ဟာ သမားရိုးကျ သွားတိုက်တံများ၊ မော်တာပါတဲ့ သွားတိုက်စက်များနဲ့ ပုံသဏ္ဍာန် မတူပါဘူး။ သူ့မှာ ရေမြှပ်ဖော့လို Mouthpiece ပါပြီး ဖော့ကို ကိုက်ခြင်းဖြင့် သူ့ကို ပါးစပ်မှာ တပ်ဆင်ရပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ဝက်ဘ်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။

Ref : digitaltrends

You may be interested

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်
NEWS, Softwares & Application
0 shares0 views

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်

Nigma - Mar 23, 2019

Netflix က အိန္ဒိယ အပါအဝင် နိုင်ငံအချို့မှာ မိုဘိုင်းသီးသန့် လစဉ်ကြေးအစီအစဉ်အသစ်တခုကို စမ်းသပ်လျက် ရှိပါတယ်။ ပုံမှန်အားဖြင့် Netflix ကို အိန္ဒိယက ဝယ်မယ်ဆိုရင် အနည်းဆုံး တလ ၇.၂၇ ဒေါ်လာ ပေးရပါတယ်။ မြန်မာနိုင်ငံကနေဆို အနည်းဆုံး ၇.၉၉ ဒေါ်လာ…

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy
Gadgets, NEWS
0 shares0 views

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy

Ko Thuya - Mar 23, 2019

ချစ်တင်းနှောမှုကို ကူညီပေးမယ့် ကိရိယာ ပေါ်လာပါပြီ။ Lovely အမည်ရ ချပ်ဝတ်တန်ဆာ ကွန်ပြူတာငယ်လေးက Tracker ဖြစ်သလို တစ်စိတ်တစ်ပိုင်းအားဖြင့် Sex Toy လည်း ဖြစ်ပါတယ်။ ဒေါ်လာ ၁၆၉ တန်ကြေးရှိပြီး အမျိုးသားလိင်တံရဲ့ အရင်းမှာ ၀တ်ဆင်ထားရမှာပါ။ ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး…

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?
FEATURES, Softwares & Application
23 shares18 views

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?

Ko Thuya - Mar 23, 2019

နာမည်ကျော် မှတ်စု မှတ်သားတဲ့ Evernote App မှာ စာသားများ အပြင် အသံမှတ်စုများ၊ ဗီဒီယို မှတ်စုများကိုလည်း မှတ်သားနိုင်ပါတယ်။ အင်တာနက်မှ သတင်း၊ ဆောင်းပါးများ၊ နည်းလမ်းများ အပါအ၀င် အရာအားလုံးကို မှတ်သားနိုင်ပါတယ်။ သူ့မှာ မှတ်စုများကို လျှင်မြန်လွယ်ကူစွာ မှတ်သားနိုင်တဲ့…

Leave a Comment

Most from this category