946 Shares 373 Views

USB Stick ကို Password နဲ႔ ဘယ္လို ကာကြယ္မလဲ ?

Nov 10, 2018
946 373

USB Stick မ်ားဟာ ေသးငယ္ေပါ့ပါးၿပီး ေဒတာမ်ား ထည့္သိမ္းထားဖို႔အတြက္ အလြန္ အဆင္ေျပပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ USB Stick ထဲမွ အေရးႀကီး ေဒတာမ်ားကို အျခားလူမ်ားက လြယ္ကူစြာ ခိုးယူႏုိင္ပါတယ္။ ဖုန္း၊ ပီစီမ်ားမွာလို USB Stick မ်ားကို Password ျဖင့္ လြယ္ကူစြာ ကာကြယ္ထားလို႔ မရပါဘူး။ ဒါေပမယ့္ USB Stick ကို Password ျဖင့္ ကာကြယ္ေပးႏိုင္တဲ့ Tools မ်ား ရွိပါတယ္။

၁။ ဖိုင္မ်ားကို Password ျဖင့္ ကာကြယ္ပါ။

USB Stick မ်ားကို Password ျဖင့္ ကာကြယ္ေပးတဲ့ Tools မ်ားဟာ Encryption ကို အသံုးျပဳတဲ့အတြက္ အခ်ိန္ယူရပါတယ္။ သင့္ရဲ႕ ဖုိင္ေတြကို လွ်င္ျမန္စြာ သံုးခ်င္ရင္ အဲဒီ Tools မ်ားက အဆင္မေျပပါဘူး။ အဲဒီအစား အေရးႀကီးတဲ့ ဖိုင္မ်ားကိုပဲ Password ျဖင့္ ကာကြယ္ထားပါ။ Microsoft Word, Excel အပါအ၀င္ ေဆာ့ဖ္၀ဲမ်ားစြာမွာ ဖိုင္ကို Password ျဖင့္ ကာကြယ္ထားႏုိင္တဲ့ စြမ္းရည္ ပါပါတယ္။

ဥပမာအားျဖင့္ Word မွာ ဖိုင္ကို ဖြင့္ထားၿပီး File Info ထဲသြားပါ။ Protect Document ကို ႏွိပ္ၿပီး Encrypt with Password ကို ႏွိပ္ပါ။ ေနာက္အဆင့္မွာ Password ထည့္ေပးပါ။

PDF ဖိုင္မ်ားကို Password ျဖင့္ ကာကြယ္ခ်င္ရင္ PDFTK Builder ကို သံုးႏုိင္ပါတယ္။


၂။ Password ျဖင့္ ကာကြယ္ထားတဲ့ Partition ဖန္တီးပါ။

Rohos Mini Drive က သင့္ USB Stick မွာ Password ျဖင့္ ကာကြယ္ထားႏိုင္တဲ့ Partition ကို ဖန္တီးေပးတဲ့ ေဆာ့ဖ္၀ဲ ျဖစ္ပါတယ္။ သူက USB Stick မွာ 2GB အရြယ္အစားအထိ ရွိတဲ့ Partition ကို ဖန္တီးေပးပါတယ္။

Rohos Mini Drive ကို သင့္ ပီစီမွာ အင္စေတာလုပ္ပါ။ ၿပီးရင္ USB Stick ကို ပီစီမွာ တပ္ဆင္ပါ။ Rohos Mini Drive ကို ဖြင့္ပါ။ Encrypt USB Drive ကို ႏွိပ္ပါ။ Stick ကို ေရြးပါ။ Password သတ္မွတ္ၿပီး Create Disk ကို ႏွိပ္ပါ။ ဒါဆိုရင္ သင့္ Stick မွာ Password ျဖင့္ ကာကြယ္ထားတဲ့ Partition ကို ဖန္တီးေပးမွာပါ။

USB Stick မွာ ဖန္တီးထားတဲ့ Partition ကို ဖြင့္ခ်င္ရင္ Stick ရဲ႕ Root Folder မွ Rohos Mini.exe ကို ႏွိပ္ပါ။ Password ထည့္ပါ။ ဒါဆိုရင္ သင့္ဖုိင္မ်ားကို အသံုုးျပဳႏုိင္မွာပါ။ Partition ကို ပိတ္ခ်င္ရင္ Windows Taskbar Notification Area မွ Rohos Icon ကို Right-Click ႏွိပ္ၿပီး Disconnect ကို ႏွိပ္ပါ။

Download Rohos Mini Drive

၃။ USB Stick တစ္ခုလံုးကို Encrypt လုပ္ပါ။

VeraCrypt ဟာ သင့္ Stick ထဲမွာပဲ Run ႏိုင္တဲ့ Portable App ျဖစ္ပါတယ္။ VeraCrypt ရဲ႕ အခမဲ့ ဗားရွင္းဟာ 2GB အရြယ္အစားအထိ ရွိတဲ့ USB Stick ကိုသာ Encrypt လုပ္ေပးပါတယ္။ သူ႔ကို USB Stick မွာ အင္စေတာလုပ္ၿပီး ဖြင့္ပါ။ သင့္ရဲဲ႕ Stick ကို ေရြးေပးၿပီး Create Volume ကို ႏွိပ္ပါ။

Stick တစ္ခုလံုးကို Encrypt လုပ္ဖို႔ Encrypt a non-system partition/drive ကို ေရြးေပးၿပီး Next ကို ႏွိပ္ပါ။ ေနာက္အဆင့္မွာ Standard VeraCrypt Volume ကို ေရြးေပးၿပီး သင့္ Stick ကို ေရြးေပးပါ။ အိုေက ႏွိပ္ၿပီး Next ႏွိပ္ပါ။

Stick တစ္ခုလံုးကို Encrypt လုပ္ဖို႔ Encrypt partition in place ကို ေရြးၿပီး Next ႏွိပ္ပါ။ ေနာက္အဆင့္္မွာ Encryption and Hash Algorithm ကို ေရြးေပးပါ။ Volume Password သတ္မွတ္ေပးပါ။ ေနာက္အဆင့္မွာ Cryptographic Strength of the Encryption ကို သတ္မွတ္ဖို႔ Mouse ကို ေရြ႕လ်ားေပးပါ။

Wipe Mode ကို ေရြးေပးပါ။ အခ်ိန္ၾကာၾကာ Wipe ျပဳလုပ္ရင္ ပိုမို လံုျခံဳပါတယ္။ Encrypt ကို ႏွိပ္ပါ။ ဒါဆိုရင္ သင့္ Stick တစ္ခုလံုးကို Password ျဖင့္ ကာကြယ္ေပးလိုက္ပါၿပီ။

Download VeraCrypt Portable

ref : makeuseof

[Unicode]

USB Stick ကို Password နဲ့ ဘယ်လို ကာကွယ်မလဲ ?

USB Stick များဟာ သေးငယ်ပေါ့ပါးပြီး ဒေတာများ ထည့်သိမ်းထားဖို့အတွက် အလွန် အဆင်ပြေပါတယ်။ ဒါပေမယ့် သင့်ရဲ့ USB Stick ထဲမှ အရေးကြီး ဒေတာများကို အခြားလူများက လွယ်ကူစွာ ခိုးယူနိုင်ပါတယ်။ ဖုန်း၊ ပီစီများမှာလို USB Stick များကို Password ဖြင့် လွယ်ကူစွာ ကာကွယ်ထားလို့ မရပါဘူး။ ဒါပေမယ့် USB Stick ကို Password ဖြင့် ကာကွယ်ပေးနိုင်တဲ့ Tools များ ရှိပါတယ်။

၁။ ဖိုင်များကို Password ဖြင့် ကာကွယ်ပါ။

USB Stick များကို Password ဖြင့် ကာကွယ်ပေးတဲ့ Tools များဟာ Encryption ကို အသုံးပြုတဲ့အတွက် အချိန်ယူရပါတယ်။ သင့်ရဲ့ ဖိုင်တွေကို လျှင်မြန်စွာ သုံးချင်ရင် အဲဒီ Tools များက အဆင်မပြေပါဘူး။ အဲဒီအစား အရေးကြီးတဲ့ ဖိုင်များကိုပဲ Password ဖြင့် ကာကွယ်ထားပါ။ Microsoft Word, Excel အပါအဝင် ဆော့ဖ်ဝဲများစွာမှာ ဖိုင်ကို Password ဖြင့် ကာကွယ်ထားနိုင်တဲ့ စွမ်းရည် ပါပါတယ်။

ဥပမာအားဖြင့် Word မှာ ဖိုင်ကို ဖွင့်ထားပြီး File Info ထဲသွားပါ။ Protect Document ကို နှိပ်ပြီး Encrypt with Password ကို နှိပ်ပါ။ နောက်အဆင့်မှာ Password ထည့်ပေးပါ။

PDF ဖိုင်များကို Password ဖြင့် ကာကွယ်ချင်ရင် PDFTK Builder ကို သုံးနိုင်ပါတယ်။


၂။ Password ဖြင့် ကာကွယ်ထားတဲ့ Partition ဖန်တီးပါ။

Rohos Mini Drive က သင့် USB Stick မှာ Password ဖြင့် ကာကွယ်ထားနိုင်တဲ့ Partition ကို ဖန်တီးပေးတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ သူက USB Stick မှာ 2GB အရွယ်အစားအထိ ရှိတဲ့ Partition ကို ဖန်တီးပေးပါတယ်။

Rohos Mini Drive ကို သင့် ပီစီမှာ အင်စတောလုပ်ပါ။ ပြီးရင် USB Stick ကို ပီစီမှာ တပ်ဆင်ပါ။ Rohos Mini Drive ကို ဖွင့်ပါ။ Encrypt USB Drive ကို နှိပ်ပါ။ Stick ကို ရွေးပါ။ Password သတ်မှတ်ပြီး Create Disk ကို နှိပ်ပါ။ ဒါဆိုရင် သင့် Stick မှာ Password ဖြင့် ကာကွယ်ထားတဲ့ Partition ကို ဖန်တီးပေးမှာပါ။

USB Stick မှာ ဖန်တီးထားတဲ့ Partition ကို ဖွင့်ချင်ရင် Stick ရဲ့ Root Folder မှ Rohos Mini.exe ကို နှိပ်ပါ။ Password ထည့်ပါ။ ဒါဆိုရင် သင့်ဖိုင်များကို အသုံးပြုနိုင်မှာပါ။ Partition ကို ပိတ်ချင်ရင် Windows Taskbar Notification Area မှ Rohos Icon ကို Right-Click နှိပ်ပြီး Disconnect ကို နှိပ်ပါ။

Download Rohos Mini Drive

၃။ USB Stick တစ်ခုလုံးကို Encrypt လုပ်ပါ။

VeraCrypt ဟာ သင့် Stick ထဲမှာပဲ Run နိုင်တဲ့ Portable App ဖြစ်ပါတယ်။ VeraCrypt ရဲ့ အခမဲ့ ဗားရှင်းဟာ 2GB အရွယ်အစားအထိ ရှိတဲ့ USB Stick ကိုသာ Encrypt လုပ်ပေးပါတယ်။ သူ့ကို USB Stick မှာ အင်စတောလုပ်ပြီး ဖွင့်ပါ။ သင့်ရဲ့ Stick ကို ရွေးပေးပြီး Create Volume ကို နှိပ်ပါ။

Stick တစ်ခုလုံးကို Encrypt လုပ်ဖို့ Encrypt a non-system partition/drive ကို ရွေးပေးပြီး Next ကို နှိပ်ပါ။ နောက်အဆင့်မှာ Standard VeraCrypt Volume ကို ရွေးပေးပြီး သင့် Stick ကို ရွေးပေးပါ။ အိုကေ နှိပ်ပြီး Next နှိပ်ပါ။

Stick တစ်ခုလုံးကို Encrypt လုပ်ဖို့ Encrypt partition in place ကို ရွေးပြီး Next နှိပ်ပါ။ နောက်အဆင့််မှာ Encryption and Hash Algorithm ကို ရွေးပေးပါ။ Volume Password သတ်မှတ်ပေးပါ။ နောက်အဆင့်မှာ Cryptographic Strength of the Encryption ကို သတ်မှတ်ဖို့ Mouse ကို ရွေ့လျားပေးပါ။

Wipe Mode ကို ရွေးပေးပါ။ အချိန်ကြာကြာ Wipe ပြုလုပ်ရင် ပိုမို လုံခြုံပါတယ်။ Encrypt ကို နှိပ်ပါ။ ဒါဆိုရင် သင့် Stick တစ်ခုလုံးကို Password ဖြင့် ကာကွယ်ပေးလိုက်ပါပြီ။

Download VeraCrypt Portable

ref : makeuseof

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category