1858 Shares 206 Views


Nov 10, 2018
1858 206




Ref : theverge

[Unicode]

Harley-Davidson က သူ့ရဲ့ ပထမဆုံး အီလက်ထရစ် မော်တော်ဆိုင်ကယ်ကို ပြသ

သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ လောင်စာဆီသုံး မော်တော်ကားများရဲ့ နေရာကို အစားထိုးဖို့ အတွက် အီလက်ထရစ် ကား ခေါ် လျှပ်စစ်ကားများကို ထုတ်လုပ်ရောင်းချနေကြပါတယ်။ ဒါပေမယ့် အီလက်ထရစ် မော်တော်ဆိုင်ကယ်များတော့ သိပ်ပြီး ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ အခုတော့ နာမည်ကျော် မော်တော်ဆိုင်ကယ် ကုမ္ပဏီ Harley-Davidson က Milan Motorcycle Show မှာ သူ့ရဲ့ ပထမဆုံး အီလက်ထရစ် မော်တော်ဆိုင်ကယ်ကို ပြသလိုက်ပါတယ်။

သူဟာ နမူနာမော်ဒယ် ဖြစ်ပြီး သူ့ကို ၂၀၁၉ ခုနှစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ နမူနာ မော်ဒယ် ဆိုပေမယ့် သူ့ရဲ့ အမည်ကို LiveWire လို့ သုံးထားပါတယ်။ နမူနာမော်ဒယ် ဖြစ်ပေမယ့် သူ့ရဲ့ ဒီဇိုင်းက ရောင်းတန်းဝင် အနေအထား ဖြစ်နေပါပြီ။ ဒီဇိုင်းကလည်း ၂၀၁၉ ဈေးကွက်ကို လိုက်မှီပါတယ်။ ၂၀၀၈ ခုနှစ် ငွေကြေး အကြပ်အတည်းဖြစ်ရပ်ကြောင့် မော်တော်ဆိုင်ကယ် ကုမ္ပဏီများဟာ ဆုံးရှုံးမှုများ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ Harley-Davidson လည်း ပါဝင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက LiveWire နမူနာမော်ဒယ်ဟာ ၄ စက္ကန့်အတွင်းမှာ တစ်နာရီလျှင် ၀ ကနေ ၆၀ မိုင်နှုန်းအထိ အရှိန်မြှင့်နိုင်ပါတယ်။ တစ်ခါအားသွင်းထားပြီး Economy Mode နဲ့ ဆိုရင် ၅၅ မိုင် မောင်းနှင်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရောင်းချမယ့် မော်ဒယ်ရဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးဟာ ဒီထက် ပိုကောင်းလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဖက် Zero Motorcycles ရဲ့ အီလက်ထရစ် ဆိုင်ကယ်ဟာ တစ်ခါအားသွင်းထားရင် မိုင် ၁၀၀ တောင် မောင်းနှင်နိုင်လို့ ဖြစ်ပါတယ်။

Ref : theverge

You may be interested

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်
NEWS, Softwares & Application
0 shares0 views

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်

Nigma - Mar 23, 2019

Netflix က အိန္ဒိယ အပါအဝင် နိုင်ငံအချို့မှာ မိုဘိုင်းသီးသန့် လစဉ်ကြေးအစီအစဉ်အသစ်တခုကို စမ်းသပ်လျက် ရှိပါတယ်။ ပုံမှန်အားဖြင့် Netflix ကို အိန္ဒိယက ဝယ်မယ်ဆိုရင် အနည်းဆုံး တလ ၇.၂၇ ဒေါ်လာ ပေးရပါတယ်။ မြန်မာနိုင်ငံကနေဆို အနည်းဆုံး ၇.၉၉ ဒေါ်လာ…

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy
Gadgets, NEWS
0 shares0 views

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy

Ko Thuya - Mar 23, 2019

ချစ်တင်းနှောမှုကို ကူညီပေးမယ့် ကိရိယာ ပေါ်လာပါပြီ။ Lovely အမည်ရ ချပ်ဝတ်တန်ဆာ ကွန်ပြူတာငယ်လေးက Tracker ဖြစ်သလို တစ်စိတ်တစ်ပိုင်းအားဖြင့် Sex Toy လည်း ဖြစ်ပါတယ်။ ဒေါ်လာ ၁၆၉ တန်ကြေးရှိပြီး အမျိုးသားလိင်တံရဲ့ အရင်းမှာ ၀တ်ဆင်ထားရမှာပါ။ ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး…

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?
FEATURES, Softwares & Application
23 shares18 views

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?

Ko Thuya - Mar 23, 2019

နာမည်ကျော် မှတ်စု မှတ်သားတဲ့ Evernote App မှာ စာသားများ အပြင် အသံမှတ်စုများ၊ ဗီဒီယို မှတ်စုများကိုလည်း မှတ်သားနိုင်ပါတယ်။ အင်တာနက်မှ သတင်း၊ ဆောင်းပါးများ၊ နည်းလမ်းများ အပါအ၀င် အရာအားလုံးကို မှတ်သားနိုင်ပါတယ်။ သူ့မှာ မှတ်စုများကို လျှင်မြန်လွယ်ကူစွာ မှတ်သားနိုင်တဲ့…

Leave a Comment

Most from this category