97 Shares 57 Views


Nov 10, 2018
97 57




Ref : techradar

[Unicode]

စိတ်ဖြင့် ထိန်းချုပ်နိုင်တဲ့ Samsung ရဲ့ တီဗီ နည်းပညာ အသစ်

ကိုယ်လက် အင်္ဂါ မသန်စွမ်းသူများအတွက် အလွန် အသုံးဝင်လာမယ့် တီဗီ နည်းပညာ အသစ်တစ်ခုကို ဆမ်ဆောင်းက ဖန်တီးနေပါတယ်။ ဒီနည်းပညာနဲ့ ဆိုရင် TV Remote ကို ကိုင်စရာ မလိုဘဲ စိတ်ဖြင့် ခိုင်းစေလိုက်တာနဲ့ ရုပ်သံလိုင်းများ ပြောင်းခြင်း၊ အသံ ချိန်ညှိခြင်းများလို အလုပ်များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

စိတ်ဖြင့် ခိုင်းစေတယ် ဆိုတာ တစ်နည်းအားဖြင့် ဦးနှောက်လှိုင်းများကို တွက်ချက်ပြီး တီဗီကို အလုပ်လုပ်စေတာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက ဒီနည်းပညာကို ဆွစ်ဇာလန်မှ Center of Neuroprosthetics of the Ecole Polytechnique Fédérale de Lausanne (EPFL) နဲ့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ဖန်တီးနေတာ ဖြစ်ပါတယ်။ ဒီနည်းပညာကို ကုမ္ပဏီက သူ့ရဲ့ Developer Conference မှာ ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းကို ဆမ်ဆောင်းက Project Pontis လို့ အမည်ပေးထားပါတယ်။ ပွဲမှာ ကုမ္ပဏီက ဒီနည်းပညာကို သရုပ်ပြခဲ့ပါတယ်။ ဦးနှောက်လှိုင်းများကို တွက်ချက်ဖို့အတွက် User ရဲ့ ဦးခေါင်းမှာ Headset တစ်ခု ဝတ်ဆင်ထားပါတယ်။ Headset မှာ ဆန်ဆာ ၆၄ လုံး ထည့်ထားပါတယ်။ ဒါ့အပြင် User ဟာ Eye Tracker တစ်ခုကိုလည်း ကြည့်နေရပါတယ်။ အနာဂတ်မှာတော့ Eye Tracker မလိုဘဲ ဦးနှောက်လှိုင်းများကိုသာ မှီခိုမယ့် နည်းပညာကို ဆမ်ဆောင်းက ဖန်တီးမှာ ဖြစ်ပါတယ်။

Ref : techradar

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category