211 Shares 54 Views


Nov 10, 2018
211 54





Ref : gsmarena

[Unicode]

Snapdragon 845 , Dual Screen ,Dual Camera များပါတဲ့ Samsung W2019 Flip Phone

ဆမ်ဆောင်းက တရုတ်မှာ စွမ်းရည်မြင့် ခေါက်ဖုန်းကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ W2019 ဖြစ်ပြီး သူဟာ Snapdragon 835 ထည့်ထားတဲ့ ယခင်နှစ်ထုတ် W2018 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ ယခင်မျိုးဆက်နဲ့ ယှဉ်ရင် W2019 မှာ တိုးတက်လာတဲ့ ပရော်ဆက်ဆာ၊ အနောက်ကင်မရာ နှစ်လုံး၊ ဘေးဘက်တပ် လက်ဗွေရာ အာရုံခံ ကိရိယာများလို Feature အသစ်များ ပါလာပါတယ်။

W2019 ကို ခေါက်ထားရင် အပြင်ဘက်မှာ ၄.၂ လက်မ Super AMOLED Display တစ်ခုကို အသုံးပြုနိုင်မှာ ဖြစ်ပြီး အရည်အသွေးမှာ 1920x1080p ဖြစ်ပါတယ်။ အတွင်းပိုင်းမှာလည်း ၄.၂ လက်မ FHD Super AMOLED Display ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ကို Corning Gorilla Glass ဖြင့် ဖုံးအုပ်ထားပါတယ်။ Rose Gold , Platinum အရောင် နှစ်မျိုးထုတ်လုပ်ထားပါတယ်။ ဖုန်း အတွင်းဘက်မှာ Keypad တစ်ခု ထည့်ထားပါတယ်။

ဖုန်းရဲ့ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို လုံခြုံရေးအတွက် ထည့်သွင်းထားပါတယ်။ Bixby Button ကိုလည်း ဖုန်းရဲ့ ဘေးဘက်မှာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ စွမ်းရည်မြင့် ကင်မရာ ၂ လုံး ပါပြီး တစ်လုံးမှာ 12MP Dual f/1.5-2.4 Aperture နဲ့ အခြား တစ်လုံးမှာ 12MP Telephoto 2x Lossless Optical Zoom ဖြစ်ပါတယ်။ အရှေ့ ကင်မရာကတော့ 8MP f/2.0 ဖြစ်ပါတယ်။

Qualcomm Snapdragon 845 Chipset , 6GB RAM , 128GB or 256GB Storage များ ပါပါတယ်။ သူ့မှာ ပါတဲ့ ဘက်ထရီက 3070mAh ဖြစ်ပြီး လျှင်မြန်စွာ အားသွင်းပေးတဲ့ USB-C Port ပါပါတယ်။ Android 8.1 Oreo အခြေပြု Samsung UI ထည့်သွင်းထားပါတယ်။ ဆမ်ဆောင်းက သူ့ရဲ့ ဈေးနှုန်းကို မပြောသေးပေမယ့် ယွမ် ၁၀ ၀၀၀ ကျော် ( ၁၄၃၉ ဒေါ်လာ) ဖြင့် ရောင်းချနိုင်ပါတယ်။

Ref : gsmarena

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category