1268 Shares 323 Views
ဥာဏ်ရည်တု နည်းပညာဖြင့် ဖန်တီးထားတဲ့ သတင်း ကြေညာသူကို ပြသလိုက်တဲ့ တရုတ်
Nov 10, 2018
1268 323
အနာဂတ်မှာတော့ ဥာဏ်ရည်တု သတင်း ကြေညာသူများဟာ တကယ့် သတင်း ကြေညာသူများနဲ့ ခွဲမရအောင် တူညီတော့မှာ ဖြစ်ပါတယ်။
Ref : theverge
[Unicode]
ဉာဏ်ရည်တု နည်းပညာဖြင့် ဖန်တီးထားတဲ့ သတင်း ကြေညာသူကို ပြသလိုက်တဲ့ တရုတ်
တရုတ် နိုင်ငံပိုင် သတင်းဌာန ဆင်ဟွာက ဉာဏ်ရည်တု နည်းပညာဖြင့် ဖန်တီးထားတဲ့ သတင်း ကြေညာသူကို ပြသလိုက်ပါတယ်။ သူဟာ လူသား ပုံသဏ္ဍာန် ဖြစ်ပြီး စာသားများကို အသံထွက် ဖတ်ပြနိုင်ပါတယ်။ တကယ့် လူသား တစ်ယောက်လိုပဲ သူက မျက်နှာ အမူအယာများ၊ နှုတ်ခမ်း လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့ လေယူ လေသိမ်းနဲ့ အသံများကို တကယ့် သတင်း ကြေညာသူ ဖြစ်တဲ့ Zhang Zhao နဲ့ တူအောင် တုပဖန်တီးထားပါတယ်။ သူ့ရဲ့ သတင်းကြေညာတဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။
သူ့ကို မော်ဒယ် နှစ်ခု ထုတ်လုပ်ထားပြီး တရုတ်နဲ့ အင်္ဂလိပ် ဘာသာစကားများကို ဖတ်ပြနိုင်ပါတယ်။ သူ့ကို ပြည်တွင်း ရှာဖွေမှု အင်ဂျင် Sogou နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ ဆင်ဟွာက သူဟာ သတင်းဌာနရဲ့ တီဗီ၊ ဝက်ဘ်ဆိုက်များမှာ အသုံးချနိုင်မယ်လို့ ပြောပါတယ်။ ဆင်ဟွာက “ သူဟာ ဆင်ဟွာရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်များစွာမှာ တစ်ရက်ကို ၂၄ နာရီ အချိန်ပြည့် အလုပ်လုပ်နိုင်တဲ့ အတွက် သတင်း ထုတ်လုပ်မှု ကုန်ကျစားရိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ပိုမိုလည်း စွမ်းရည် ပြည့်ဝပါတယ်။ “ လို့ ပြောပါတယ်။
အနာဂတ်မှာတော့ ဉာဏ်ရည်တု သတင်း ကြေညာသူများဟာ တကယ့် သတင်း ကြေညာသူများနဲ့ ခွဲမရအောင် တူညီတော့မှာ ဖြစ်ပါတယ်။
Ref : theverge
You may be interested
Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Android, HUBS, Mobiles & Tablets
0 shares0 views
Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Ko Thuya - Nov 14, 2018
လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ အခု ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Evan Blass က သူ့မှာ မျက်နှာပြင်အောက် Selfie ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Infinity-O Notch ပါလာနိုင်တာကြောင့်…
Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Automobiles, NEWS, Tech Update
34 shares5 views
Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Ko Thuya - Nov 14, 2018
Waymo က ဒီဇင်ဘာလ အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီ ၀န်ဆောင်မှုကို စတင်တော့မယ်လို့ အမည်မဖော်ပြထားတဲ့ အရင်းအမြစ်တစ်ခုက Bloomberg ကို ပြောပါတယ်။ Phoenix Arizona မှာ ၀န်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။ အဲဒီ ဒေသမှာ ကုမ္ပဏီက မောင်းသူမဲ့…
Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
NEWS
305 shares36 views
Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
Ko Thuya - Nov 14, 2018
Alibaba က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Singles Day ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ ၃၀.၈ ဘီလီယံဖိုးဖြင့် ရောင်းအား စံချိန်တင်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ အဲဒီ ပမာဏကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁ မိနစ်နဲ့…
Leave a Comment
Most from this category