269 Shares 96 Views

TikTok ကို ယှဉ်ပြိုင်မယ့် Lasso App ကို Facebook ဖြန့်ချီ

Nov 10, 2018
269 96

Facebook က Android နဲ့ iOS တို့ အတွက် Lasso App ကို ဖြန့်ချီပေးလိုက်ပါတယ်။ Lasso ဟာ နာမည်ကြီးနေတဲ့ Mobile Lipsyncing App တစ်ခု ဖြစ်တဲ့ TikTok ကို ယှဉ်ပြိုင်ဖို့ ဒီဇိုင်း ထုတ်ထားပါတယ်။ TikTok ဟာ တရုတ် မှာသာမက အနောက်နဲ့ အာရှနိုင်ငံများမှာ လူသုံးများနေပါတယ်။ မြန်မာမှာလည်း ရေပန်းစားနေတဲ့ App ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်မှာသာ Lasso ကို အသုံးပြုနိုင်ပါသေးတယ်။ Facebook ရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက “ဖျော်ဖြေရေး၊ ဟာသ ၊ အလှအပနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးများ အပါအ၀င် ဗီဒီယိုအမျိုးအစား အစုံကို Lasso မှာ ဖန်တီးနိုင်ပါတယ်။ သူ့ကို ဖြန့်ချီလိုက်တာ အလွန်ကို စိတ်လှုပ်ရှားနေပါတယ်။ Users များရဲ့ တုန့်ပြန်မှုကို စောင့်ဆိုင်းနေပါတယ်။ “ လို့ ပြောပါတယ်။

Lasso မှာ ၁၅ စက္ကန့်ကြာ ဗီဒီယို အတိုများကို ဖန်တီးနိုင်ပါတယ်။ ရှိပြီးသား ဗီဒီယိုများကို Upload ပြုလုပ်လို့ မရပါဘူး။ သင် နှစ်သက်မယ့် ဗီဒီယိုများကို အကြံပြုပြသပေးထားတဲ့ Feed တစ်ခုလည်း ပါပါတယ်။ Scroll ပြုလုပ်ရင် ဗီဒီယိုများကို အလိုအလျှောက် ပြသပေးမှာ ဖြစ်ပါတယ်။ Lasso မှာသင်ဖန်တီးထားတဲ့ Video များကို Facebook Stories များအဖြစ် မျှဝေနိုင်ပါတယ်။ Instagram Stories များ အဖြစ် မျှဝေနိုင်မယ့် လုပ်ဆောင်ချက်ကို နောက်ပိုင်းမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဗီဒီယိုများကို ရှာဖို့အတွက် Tags များကို အသုံးပြုနိုင်ပါတယ်။

TikTok မှာလို AR Effects နဲ့ Filters များကို Lasso မှာ ထည့်သွင်းထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Slo-mo နဲ့ Fast-forward Recording လုပ်ဆောင်ချက်များကို အသုံးပြုပြီး ရီစရာ ဗီဒီယိုများကို ဖန်တီးနိုင်ပါတယ်။ အခြား နိုင်ငံများအတွက် ဖြန့်ချီမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : techcrunch

[Unicode]

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category