328 Shares 72 Views


Nov 09, 2018
328 72





Ref : gsmarena

[Unicode]

Huawei Mate 20 RS Porsche Design ကို တရုတ်မှာ ရောင်းပြီ

ဟွာဝေးပြီးခဲ့တဲ့ လက မိတ်ဆက်ခဲ့တဲ့ Mate 20 Series ၄ လုံးထဲမှာ Huawei Mate 20 RS Porsche Design က တန်ဖိုး အကြီးဆုံး ဖြစ်ပါတယ်။ အခုတော့ ဟွာဝေးက သူ့ကို တရုတ်မှာ ရောင်းချမယ့် ရက်ကို ကြေညာလိုက်ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကုမ္ပဏီရဲ့ အွန်လိုင်းစတိုးကနေ ရောင်းချမှာပါ။

ယွမ် ၁၂ ၉၉၉ သတ်မှတ်ထားပြီး ၁၈၇၄ ဒေါ်လာဝန်းကျင် ကျသင့်ပါတယ်။ အနောက်ဘက်မှာ Porsche Design Logo ပါပြီး သုံးပုံပုံ နှစ်ပုံကို သားရေဖြင့် ဖုံးအုပ်ထားပါတယ်။ သုံးပုံပုံ တစ်ပုံကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။

သူဟာ Huawei Mate 20 Pro ထက် RAM နဲ့ Storage များ ပိုမို ပါဝင်တဲ့ အပြင် အနောက်ဘက်ကို သားရေဖြင့် ဖုံးအုပ်ထားပြီး Porsche Design ကို အသုံးပြုထားပါတယ်။ သူ့ရဲ့ အခြား Specifications များက Huawei Mate 20 Pro နဲ့ တူညီပါတယ်။ သူ့မှာ Kirin 980 Chipset မောင်းနှင်ထားပါတယ်။ အနောက်ကင်မရာ သုံးလုံး ပါပါတယ်။ 40MP+20MP Ultrawide Lens+ 8MP Telephoto Lens များ ဖြစ်ပါတယ်။

၆.၃၉ လက်မ 1440x3120p AMOLED Display , 8GB RAM , 256GB or 512GB Storage , Android 9 Pie အခြေပြု EMUI 9.0 ထည့်သွင်းထားပါတယ်။ 4200mAh Battery နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။

Ref : gsmarena

You may be interested

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်

Ko Thuya - Nov 14, 2018

လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ အခု ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Evan Blass က သူ့မှာ မျက်နှာပြင်အောက် Selfie ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Infinity-O Notch ပါလာနိုင်တာကြောင့်…

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Automobiles, NEWS, Tech Update
34 shares5 views

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်

Ko Thuya - Nov 14, 2018

Waymo က ဒီဇင်ဘာလ အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီ ၀န်ဆောင်မှုကို စတင်တော့မယ်လို့ အမည်မဖော်ပြထားတဲ့ အရင်းအမြစ်တစ်ခုက Bloomberg ကို ပြောပါတယ်။ Phoenix Arizona မှာ ၀န်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။ အဲဒီ ဒေသမှာ ကုမ္ပဏီက မောင်းသူမဲ့…

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
NEWS
305 shares36 views

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day

Ko Thuya - Nov 14, 2018

Alibaba က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Singles Day ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ ၃၀.၈ ဘီလီယံဖိုးဖြင့် ရောင်းအား စံချိန်တင်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ အဲဒီ ပမာဏကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁ မိနစ်နဲ့…

Leave a Comment

Most from this category