160 Shares 60 Views
Nov 09, 2018
160 60
Ref : gsmarena
[Unicode]
UD Fingerprint Sensor နဲ့ ၆.၄၁ လက်မ မျက်နှာပြင်ပါတဲ့ Vivo X21s ကို ကြေညာ
Vivo က V Series များကို တရုတ်မှာ Vivo X အနေနဲ့ ရောင်းချနေပါတယ်။ အခုလည်း Vivo V11 ကို တရုတ်မှာ Vivo X21s အမည်နဲ့ ကြေညာလိုက်ပါတယ်။ သူတို့ ၂ လုံးမှာ တူညီတဲ့ Specs များနဲ့ UD Fingerprint Sensor ထည့်ထားပါတယ်။
Vivo X21s မှာ ရေစက် ပုံသဏ္ဍာန် သေးငယ်တဲ့ Notch ကို ၆.၄၁ လက်မ AMOLED Screen ရဲ့ အထက်မှာ တပ်ဆင်ထားပါတယ်။ Snapdragon 660 Chipset က စွမ်းရည်သင့် မော်ဒယ်ဖြစ်ပြီး Octa-Core CPU , Adreno 512 GPU များပါပါတယ်။ RAM က 6GB ဖြစ်ပါတယ်။ 128GB Storage အပြင် microSD Card Slot ပါတဲ့အတွက် ဒေတာများစွာ သိမ်းနိုင်ပါတယ်။
မျက်နှာပြင်ရဲ့ အရည်အသွေးမှာ Full HD+ ဖြစ်ပါတယ်။ Face Access အမည်ရ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်တဲ့ စွမ်းရည် ပါပါတယ်။ အဲဒီ လုံခြုံရေး နည်းစနစ်နှစ်ခုထဲက တစ်ခုကို သုံးပြီး ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ အနောက်ဘက်မှာ Vivo X21 နဲ့ Vivo NEX S တို့မှာလို 12MP f/1.8 + 5MP f/2.4 Camera များ ပါပါတယ်။ အရှေ့ဘက်မှာ 25MP f/2.0 Camera တစ်လုံးထည့်သွင်းထားပြီး AI က Selfie ဓါတ်ပုံများ လှပအောင် ကူညီမှာပါ။ 3400mAh Battery ပါပြီး 18W Quick-Charging ပံ့ပိုးထားပါတယ်။ ဒါပေမယ့် USB-C အစား microUSB Port ကိုသာ သုံးထားပါတယ်။
Android Oreo 8.1 အခြေပြု Funtouch 4.5 OS မောင်းနှင်ထားပါတယ်။ UI အသစ်မှာ ဖုန်းရဲ့ စွမ်းရည် မြင့်မားစေဖို့ မန်မိုရီနဲ့ စီပီယူတို့ကို သင့်တော်စွာ တာဝန်ခွဲဝေချထားပေးတဲ့ Jovi AI Engine ပါလာပါတယ်။ ဒါဟာ ဘက်ထရီ သက်တမ်း ကောင်းမွန်စေပြီး App စွမ်းဆောင်ရည် ပိုမို မြန်ဆန်စေပါတယ်။ Starry Night နဲ့ Millenium Powder အရောင်များ ထုတ်လုပ်ထားပါတယ်။ ယွမ် ၂၄၉၈ ( ၃၆၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။
Ref : gsmarena
You may be interested
အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views
အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Ko Thuya - Jan 17, 2019
ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…
ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views
ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Nigma - Jan 17, 2019
(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…
LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views
LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Ko Thuya - Jan 17, 2019
လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…
Leave a Comment
Most from this category