4621 Shares 882 Views


Nov 09, 2018
4621 882

(Zawgyi)

၂၀၁၈ ဟာ စမတ်ဖုန်းမော်ဒယ်သစ် အမြောက်အများ ထွက်ရှိခဲ့တဲ့နှစ်တနှစ်ပါ။ ဒီဇိုင်းပိုင်းဆန်းသစ်ထားတဲ့ ဖုန်းတွေ၊ ကင်မရာကို အဓိက Upgrade လုပ်ထားတဲ့ ဖုန်းတွေ၊ စွမ်းဆောင်ရည်ပိုင်းကို အလေးပေး Upgrade လုပ်ထားတဲ့ ဖုန်းတွေ အမျိုးမျိုးကို ကျနော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်တကယ်တမ်း ပြောပလောက်စရာ Upgrade ဖြစ်မှုမျိုးကိုတော့ မမြင်တွေ့ခဲ့ရပါဘူး။ ဒီအတွက်လည်း စမတ်ဖုန်းပရိတ်သတ်တွေ အားလုံး အားမလိုအားမရဖြစ်ခဲ့ကြမှာပါ။ ဒါပေမယ့် ဒီအလိုမကျမှုတွေဟာ အောက်တိုဘာ ၁၆ ရက်နေ့မှာ ချုပ်ငြိမ်းသွားခဲ့ပါတယ်။

Huawei ဟာ အောက်တိုဘာလ ၁၆ ရက်နေ့၊ လန်ဒန်မြို့မှာ Flagship ဖုန်းစီးရီးအသစ်ဖြစ်တဲ့ Mate 20 စမတ်ဖုန်းတွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အတိအကျပြောရင် Mate 20 ၊ Mate 20 Pro ၊ Mate 20 RS နဲ့ Mate 20 X စမတ်ဖုန်းအသစ် လေးမျိုးကို မိတ်ဆက်သွားခဲ့တာပါ။ မော်ဒယ်အသစ် လေးခုစလုံးကို တရက်တည်း မိတ်ဆက်သွားခဲ့တယ်ဆိုပေမယ့် ဒီဖုန်းလေးမျိုးစလုံးမှာ တီထွင်ဆန်းသစ်မှုတွေကို အပြည့်ထည့်ပေးခဲ့ပါတယ်။ အားလုံး “ဝါး” ဖြစ်သွားခဲ့တဲ့ မိတ်ဆက်ပွဲလို့ ဆိုရင်လည်း မမှားပါဘူး။

ဆန်းသစ်တီထွင်မှုကို လိုလားနှစ်သက်သူတွေ၊ အကောင်းတကာ့ အကောင်းဆုံးနဲ့ အထူးခြားဆုံး လုပ်ဆောင်ချက်တွေကို လိုချင်သူတွေအတွက် အသင့်တော်ဆုံး Flagship ဖုန်းကို ရွေးပါဆိုရင် Huawei ရဲ့ Mate 20 စီးရီးဖုန်းတွေကိုပဲ ညွှန်းဆိုချင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း Huawei Mate 20 နဲ့ Mate 20 Pro တို့ကို ဝယ်ယူရရှိနိုင်ပြီဖြစ်လို့ Mate 20 နဲ့ Mate 20 Pro အကြောင်းကို အဓိက ပြောပေးသွားမှာပါ။

Mate 20 စီးရီးဖုန်းအသစ်တွေကို မြင်မြင်ချင်း စတင်သတိထားမိမှာကတော့ သူ့ရဲ့ ဒီဇိုင်းပါ။ ကြီးမားကျယ်ပြန့်တဲ့ Display ၊ ကျဉ်းမြောင်းတဲ့ Display ဘောင်၊ တောက်ပပြောင်လက်တဲ့ နောက်ကိုယ်ထည်၊ ဆန်းသစ်တဲ့ ကင်မရာအထားအသိုဒီဇိုင်းတွေက တခြား Flagship စမတ်ဖုန်းတွေဆီကနေ ကွဲထွက်နေတဲ့ တမူထူးခြားချက်တွေ ဖြစ်ပါတယ်။

Mate 20 ဖုန်းမှာတော့ ‘Dewdrop’ လို့ခေါ်တဲ့ နှင်းစက်ပုံစံ Notch ဒီဇိုင်းကို အသုံးပြုထားပြီး၊ Mate 20 Pro မှာတော့ 3D Face Unlock နည်းပညာအတွက် အထူးကင်မရာစနစ်ပါဝင်တဲ့ လေးထောင့်ပုံစံ Notch ကို အသုံးပြုထားပါတယ်။

Mate 20 ရဲ့ Display က 6.53-inch FHD+ LCD Display ဖြစ်ပြီး၊ 18.7:9 Aspect Ratio နဲ့ပါ။ Mate 20 Pro ကတော့ 6.39-inch 2K+ AMOLED Display နဲ့ပါ။ 19.5:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Mate 20 Pro ရဲ့ နောက်ထပ်ဆွဲဆောင်ချက်တခုကတော့ ဘေးဘက်ကို သိသိသာသာကွေးညွတ်နေတဲ့ Curved Display ဖြစ်ပါတယ်။ လက်ထဲမှာ ကိုင်ရတာ ပိုမိုအသားကျပြီး၊ ရုပ်ရှင်၊ဗီဒီယိုတွေကြည့်ရာမှာလည်း ပိုမိုနစ်မြောစွာ ခံစားနိုင်မှာပါ။

Huawei ဟာ Mate 20 စီးရီးမှာ ကုမ္ပဏီကိုယ်ပိုင် Chipset အသစ် 7nm Kirin 980 ကို အသုံးပြုပေးထားပါတယ်။ Huawei Mate 20 Pro မှာ ဆိုရင် Dual NPU ၊ 40W Super Charging ၊ Wireless Charging စတဲ့ လုပ်ဆောင်ချက် အမိုက်စားတွေ ပါဝင်တဲ့ စွမ်းဆောင်ရည်မြင့် Chipset ဖြစ်ပါတယ်။ Dual NPU မှာ တလုံးက များပြားတဲ့ AI Computing လုပ်ငန်းဆောင်တာတွေ အတွက်ဖြစ်ပြီး၊ တလုံးက ဖုန်းအသုံးပြုမှုအတွေ့အကြုံ ခြွင်းချက်မရှိ အဆင်ပြေချောမွေ့စေဖို့အတွက် အဓိကလုပ်ဆောင်ပေးပါတယ်။

Kirin 980 ဟာ CPU စွမ်းဆောင်ရည်ပိုင်းမှာ ၇၅ ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာပြီး၊ GPU စွမ်းဆောင်ရည်မှာ ၄၆ ရာခိုင်နှုန်းအထိ ပိုကောင်းလာပါတယ်။ စွမ်းဆောင်ရည်ပိုကောင်းလာပေမယ့်၊ ပါဝါသုံးစွဲမှုက ပိုလျော့နည်းသွားပြီး CPU ပါဝါသုံးစွဲမှုကို ၅၈ ရာခိုင်နှုန်း ပိုမိုသက်သာစေကာ၊ GPU ပါဝါသုံးစွဲမှုမှာ ၁၇၈ ရာခိုင်နှုန်းအထိ ပိုသက်သာသွားပါတယ်။ ဒါ့အပြင် 4,200mAh ဘက်ထရီထည့်ပေးထားတဲ့အပြင်၊ AI ဘက်ထရီထိန်းကွပ်မှုတွေနဲ့ ပေါင်းလိုက်တဲ့အခါမှာတော့ အံ့အားသင့်စရာ ကောင်းလောက်တဲ့ ဘက်ထရီသက်တမ်းကို တွေ့မြင်ရမှာပါ။

လက်ရှိ AnTuTu စာရင်းမှာလည်း ထိပ်ဆုံးက ဦးဆောင်နေတဲ့ဖုန်းတွေက Mate 20 စီးရီးဖုန်းတွေပဲ ဖြစ်ပါတယ်။

4,000mAh ဘက်ထရီပါတဲ့ Mate 20 ရဲ့ အားအမြန်သွင်းစနစ် Supercharge 22.5 က ဘက်ထရီအား ၅၈ ရာခိုင်နှုန်းကို မိနစ် ၃၀ အတွင်း သွင်းပေးနိုင်ပြီး၊ 4,200mAh ဘက်ထရီနဲ့ Mate 20 Pro ရဲ့ 40W Supercharge ကတော့ မိနစ် ၃၀ အတွင်းမှာ အား ၇၀ ရာခိုင်နှုန်းအထိကို လျှပ်စီးလက်သလို မြန်ဆန်စွာ သွင်းပေးနိုင်ပါတယ်။

Mate 20 ဖုန်းတွေ မိတ်ဆက်တုန်းက အားလုံး သြဘာပေးခဲ့တဲ့ ဆန်းသစ်မှုတခုရှိပါတယ်။ Mate 20 Pro ရဲ့ Wireless Reversed Charging ပါ။ Mate 20 Pro ကို တခြား Wireless Charging သုံးလို့ရတဲ့ ဖုန်းတလုံးမှာ ပူးကပ်ထားလိုက်မယ်ဆိုရင် ကြိုးမဲ့နည်းနဲ့ အားပြန်သွင်းပေးနိုင်တာပါ။ ဒါကတော့ Mate 20 Pro ရဲ့ များစွာလှသော တီထွင်ဆန်းသစ်မှုတွေထဲက အမိုက်ဆုံးတခု ဖြစ်ပါတယ်။

နောက်ဆန်းသစ်မှုအသစ်တခုကတော့ ကမ္ဘာ့ပထမဆုံး Nano Memory ကတ်ပါ။ Nano SIM အရွယ်အစား အတိုင်း ထုတ်လုပ်ထားတဲ့ မမ်မိုရီကတ်ဖြစ်ပါတယ်။ ကျနော်တို့ သုံးနေကြ microSD ကတ်တွေထက် အရွယ်အစား ၄၅ ရာခိုင်နှုန်းအထိ သေးသွားပါတယ်။ ဒါပေမယ့် 256GB အထိ ရွေးချယ်နိုင်သလို၊ ဒေတာ အကူးအပြောင်းမြန်နှုန်းလည်း မြန်ဆန်တဲ့ ကတ်ဖြစ်ပါတယ်။

Huawei ဖုန်းတွေရဲ့ နာမည်အကြီးဆုံးအချက်က ကင်မရာ ဆိုတာ လူတိုင်းသိကြမှာပါ။ Mate 20 စီးရီးမှာလည်း အများနဲ့မတူ တမူထူးခြားတဲ့ လေးထောင့်ပုံစံ Matrix Camera စနစ်ကို အသုံးပြုထားပါတယ်။ ကင်မရာ Lens သုံးခုနဲ့ Flash မီးတခုကို လေးထောင့်ကွက်အတွင်း သေသပ်လှပစွာ ထည့်သွင်းထားတဲ့ ဒီဇိုင်းပါ။ ကင်မရာ Lens သုံးခုစလုံးက နာမည်ကျော်ကင်မရာကုမ္ပဏီ Leica ရဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Lens တွေပါ။ 40MP camera + 20 MP Ultra Wide Angle Camera + 8MP OIS Telephoto Camera တို့ ဖြစ်ပါတယ်။ ဒီ Matrix Camera စနစ်ဟာ ပိုမိုအသေးစိတ်တိကျပြတ်သားတဲ့ ပုံတွေကို ပိုမိုကျယ်ပြောတဲ့ မြင်ကွင်းနဲ့ အနုပညာဆန်စွာ ရိုက်ကူးနိုင်ပါတယ်။

အလင်းရောင်နည်းတဲ့ Low-light မှာကော သာမန်အခြေအနေတွေမှာပါ အရောင်အသွေးစုံလင်စိုပြေပြတ်သားလှပတဲ့ ပုံရိပ်တွေ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် macro lens ထပ်တပ်စရာမလိုဘဲနဲ့ အနီးကပ် macro ရိုက်ချက်တွေကို 2.5cm အထိပါ ကပ်ပြီး ရိုက်နိုင်ပါသေးတယ်။ Mate 20 စီးရီးရဲ့ AI အားဖြည့် အမိုက်စားကင်မရာလုပ်ဆောင်ချက်တွေက များလွန်းတဲ့အတွက် ကင်မရာအတွက် ဆောင်းပါးတပုဒ် ထပ်ရေးမှကို လုံလောက်မှာပါ။သေချာတာတခုကတော့ နေရာ၊ အချိန်အခါမရွေး မှင်တက်လောက်စရာ ရိုက်ချက်တွေကို စမတ်ဖုန်းနဲ့ ဖန်တီးရိုက်ကူးချင်သူတွေအတွက် Mate 20 စီးရီးဖုန်းတွေက အသင့်တော်ဆုံးလို့ ဆိုချင်ပါတယ်။

လုံခြုံရေးစနစ်ဘက်ကို ကြည့်မယ်ဆိုရင်လည်း Mate 20 Pro မှာ ခေတ်ရှေ့ပြေးနည်းပညာသစ်တခုဖြစ်တဲ့ In-screen Fingerprint နည်းပညာ ပါဝင်လာပါတယ်။ အလားတူစနစ်တွေထဲမှာ အမြန်ဆုံးစနစ်တခုပါ။ ဒါ့အပြင် Mate 20 Pro မှာ 3D Face Unlock စနစ်လည်း ပါဝင်လာပါသေးတယ်။

ဖုန်းကို နေရာ၊ ရာသီဥတုမရွေး ထပ်ကြပ်မကွာ သယ်ဆောင်သွားချင်သူတွေအတွက် ရေနဲ့ ဖုန်မှုန့် စိမ့်ဝင်မှုခံနိုင်ရည်အဆင့် IP68 ကိုလည်း Mate 20 Pro မှာ တွေ့မြင်ရဦးမှာပါ။

Huawei Mate 20 စီးရီးရဲ့ အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ Mate 20 Pro မှာ ကိုယ့်မျက်နှာလှုပ်ရှားမှုအတိုင်း ပုံဖော်ပေးမယ့် 3D Live Emojis ၊ အပြင်ဘက်က အရာဝတ္ထုတွေကို စကင်ဖတ်၊ အသက်သွင်းနိုင်တဲ့ 3D Depth Sensing Camera စနစ် ၊ Wireless Projecting ၊ နောက်ဆုံးပေါ် Android 9 Pie စနစ်အခြေခံ EMUI 9 ရဲ့ မြန်ဆန်သွက်လက်မှု၊ Navigation စနစ်အသစ်၊ စခရင်ပေါ်က ဓာတ်ပုံကို လက်နှစ်ချောင်းနဲ့ ဖိလိုက်ရုံနဲ့ အွန်လိုင်းကနေ ဝယ်ယူမှုတွေ ပြုလုပ်နိုင်မယ့် စနစ် စတဲ့ တကယ်အသုံးဝင်မယ့် ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေ အများအပြား ပါဝင်ပါတယ်။ ယနေ့ခေတ်ဒီဂျစ်တယ်လူနေမှုပုံစံမှာ ကိုက်ညီအောင်၊ ပိုမိုအဆင်ပြေအောင် အထူးအလေးပေး ထည့်ပေးထားတဲ့ လုပ်ဆောင်ချက်တွေချည်းပါပဲ။

မြန်မာနိုင်ငံမှာလည်း Huawei Mate 20 စီးရီးကို အောက်တိုဘာ ၃၁ ရက်နေ့မှ စတင်မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ First Sale Event ကိုတော့ နိုဝင်ဘာလ ၁၀ ရက်နေ့၊ Junction City (Main Atrium) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Pre-Order တင်ထားသူတွေအနေနဲ့ ဆုလက်ဆောင်တွေပါ တခါတည်း ရရှိသွားမှာပါ။ Junction City မှာ Pre-order လာထုတ်တာပဲဖြစ်ဖြစ်၊ လာဝယ်တာပဲဖြစ်ဖြစ် ပထမဆုံးတန်းစီတဲ့ အယောက် (၄၀) ထဲက ပထမ (၅) ဦးကို HUAWEI Smartwatch နဲ့ ကျန် (၃၅) ဦးကို HUAWEI MediaPad T3 10 Tablet များ၊ Power Bank များ ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ Huawei Mate 20 Pro ကို Emerald Green နဲ့ Black အရောင်နှစ်မျိုး ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁,၄၉၉,၀၀၀ ကျပ်ပါ။ Mate 20 ကိုတော့ Midnight Blue နဲ့ Twilight အရောင်နှစ်ရောင် ရရှိမှာဖြစ်ပြီး၊ Mate 20 ဈေးနှုန်းကတော့ ၁,၀၉၉,၀၀၀ ကျပ် ဖြစ်ပါတယ်။

Mate 20 ဝယ်ယူသူတွေကို Huawei Talkband B5 + Huawei NM Card 128GB + Telenor Wifi Broadband တို့ လက်ဆောင်ပေးသွားမှာဖြစ်ပြီး၊ Mate 20 Pro ဝယ်ယူသူတွေကို Huawei Talkband B5+ Huawei NM Card 128GB + Huawei Wireless Charger တို့ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အချိန် ကန့်သတ်ချက်မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါလက်ဆောင်တွင် အပြင် Telenor နဲ့ ပူးပေါင်းပြီး၊ ဒေတာလက်ဆောင်ဆုတွေပါ ပေးသွားဦးမှာပါ။ Telenor SIM အသုံးပြုသူအသစ်တွေအနေနဲ့ ငွေ ၃,၀၀၀ ကျပ်ဖြည့်သွင်းတိုင်း 0.5GB အခမဲ့ဒေတာ ထပ်မံရရှိမှာဖြစ်ပြီး၊ အကြိမ်ရေ ၅၀ အထိ၊ စုစုပေါင်းပမာဏ 25GB အထိ ရရှိသွားမှာပါ။ ဖုန်းဘေလ် ၅,၀၀၀ ကျပ်ဖြည့်သွင်းရင်တော့ 1GB နဲ့ ၁၀,၀၀၀ ကျပ်ဖြည့်သွင်းရင် 2GB ၊ စုစုပေါင်း အခမဲ့ဒေတာလက်ဆောင် 50GB နဲ့ 100 GB အသီးသီး ရရှိသွားမှာ ဖြစ်ပါတယ်။

Telenor အသုံးပြုလျက်ရှိတဲ့ အသုံးပြုသူတွေအနေနဲ့ တလကို ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်ဖြည့်သွင်းရင် 2GB ရရှိသွားမှာ ဖြစ်ပါတယ်။ တလကို နှစ်ကြိမ်နဲ့ စုစုပေါင်း ၁၂ လအထိ လက်ဆောင်ဒေတာ စုစုပေါင်း 48GB ရရှိသွားမှာဖြစ်ပါတယ်။

(Unicode)

ဆန်းသစ်တီထွင်မှုကို နှစ်သက်သူတွေအတွက် Huawei Mate 20 စီးရီး

You may be interested

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်

Ko Thuya - Nov 14, 2018

လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ အခု ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Evan Blass က သူ့မှာ မျက်နှာပြင်အောက် Selfie ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Infinity-O Notch ပါလာနိုင်တာကြောင့်…

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Automobiles, NEWS, Tech Update
34 shares5 views

Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်

Ko Thuya - Nov 14, 2018

Waymo က ဒီဇင်ဘာလ အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီ ၀န်ဆောင်မှုကို စတင်တော့မယ်လို့ အမည်မဖော်ပြထားတဲ့ အရင်းအမြစ်တစ်ခုက Bloomberg ကို ပြောပါတယ်။ Phoenix Arizona မှာ ၀န်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။ အဲဒီ ဒေသမှာ ကုမ္ပဏီက မောင်းသူမဲ့…

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
NEWS
305 shares36 views

Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day

Ko Thuya - Nov 14, 2018

Alibaba က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Singles Day ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ ၃၀.၈ ဘီလီယံဖိုးဖြင့် ရောင်းအား စံချိန်တင်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ အဲဒီ ပမာဏကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁ မိနစ်နဲ့…

Leave a Comment

Most from this category