173 Shares 95 Views


Nov 08, 2018
173 95




Download

Ref : androidpolice

[Unicode]

အင်တာနက်မှ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Gmail မှာ သိမ်းပေးမယ့် Inboxit

အင်တာနက်မှ သတင်း၊ ဆောင်းပါး တစ်ပုဒ်ကို သင် ဖတ်ချင်ပေမယ့် အချိန်မရတော့လို့ နောက်မှ ဖတ်ချင်ရင် သိမ်းထားပေးတဲ့ ဝန်ဆောင်မှုများ၊ App များ ရှိပါတယ်။ ဒီလို ပြုလုပ်ပေးနိုင်တဲ့ Android App အသစ်က Inboxit ဖြစ်ပါတယ်။ သူက အင်တာနက်မှ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ဗီဒီယိုများကို သင့်ရဲ့ Gmail Inbox မှာ သိမ်းပေးထားမှာ ဖြစ်တဲ့ အတွက် အခြား ဝန်ဆောင်မှုများနဲ့ မတူဘဲ ထူးခြားပါတယ်။

သင့် ဖုန်းမှာ Inboxit ကို အင်စတော လုပ်ပြီးရင် သတင်း၊ ဆောင်းပါးရဲ့ ဝက်ဘ်စာမျက်နှာကို သိမ်းဖို့အတွက် Share Menu ကို နှိပ်ပါ။ ပြီးရင် Inboxit ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သင့်အီးမေးရဲ့ Inbox မှာ အဲဒီ သတင်း၊ ဆောင်းပါးရဲ့ လင့်ကို ပို့ပေးမှာပါ။ Inboxit က အီးမေးမှာ ဓါတ်ပုံ၊ ဝက်ဘ်ဆိုက်ရဲ့ Description များကိုပါ ပြသပေးတဲ့အတွက် အလွန် အဆင်ပြေပါတယ်။

လင့်များကို သင့်ထံ အီးမေး ပေးပို့ပေးတဲ့ အပြင် သင့် Inbox မှာ Reminder များ သတ်မှတ်ဖို့ အတွက်လည်း App ကို အသုံးပြုနိုင်ပါတယ်။ သူ့ကို အသုံးပြုဖို့ Gmail Account လိုအပ်ပါတယ်။ Android 4.0 နဲ့ သူ့အထက်မှာ သုံးနိုင်ပြီး ဖိုင်အရွယ်အစားမှာ 4.7MB ဖြစ်ပါတယ်။

Download

Ref : androidpolice

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category