0 Shares 84 Views

ကိုရီးယားနိုင်ငံမှာ Samsung Pay သုံးပြီး၊ ATM စက်တွေကနေ ငွေထုတ်နိုင်ပြီ

May 01, 2016
0 84

နောက်ဆို ATM ကတ် မပါလာလဲ၊ Samsung Pay ပါဝင်တဲ့ Samsung ဖုန်းရှိရုံနဲ့ ATM စက်တွေကနေ ငွေထုတ်နိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံမှာပဲ ရသေးပေမယ့်၊ မကြာခင် တခြားနိုင်ငံတွေဆီလည်း ရောက်လာဖို့ရှိနေပါတယ်။

အခုဆိုရင် တောင်ကိုရီးယားနိုင်ငံသားတွေဟာ Samsung Galaxy ဖုန်းမှာပါဝင်တဲ့ Samsung Pay ကို အသုံးပြုပြီး၊ ATM စက်ကနေ ငွေထုတ်နိုင်ပြီဖြစ်ပါတယ်။ ATM ကတ် လုံးဝမလိုပါဘူး။ လက်ရှိအချိန်မှာ တောင်ကိုရီးယားနိုင်ငံ၊ Woori ဘဏ်စက်တွေနဲ့သာ ငွေထုတ်နိုင်ဦးမှာဖြစ်ပေမယ့်၊ နောက်ထပ် ဘဏ်တွေအပြင်၊ တခြားနိုင်ငံတွေမှာပါ သုံးစွဲလာနိုင်ဖို့ Samsung က ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ ATM စက်က ငွေထုတ်နိုင်တဲ့ဝန်ဆောင်မှုအပြင်၊ အွန်လိုင်းကနေဈေးဝယ်တာ၊ gift ကတ်၊မန်ဘာကတ်တွေကို Samsung Pay မှာ ထည့်သွင်းပြီး ကိုယ်တိုင်သုံးတာ၊ သူများကို လက်ဆောင်ပြန်ပေးတာတွေပါ လုပ်နိုင်ပါတယ်။

Samsung Pay ရဲ့ အမှုဆောင်အရာရှိတစ်ဦးဖြစ်သူ Nathalie Oestmann က ကုမ္ပဏီအနေနဲ့ မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုတွေကို သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ စင်ကာပူ၊ စပိန်နဲ့ ယူကေတို့မှာ ယခုနှစ်အတွင်း အကောင်အထည်ဖော်သွားဖို့ရှိတယ်လို့ developer အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။

တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီဟာ၊ Samsung Pay ကို လွန်ခဲ့တဲ့တစ်နှစ်က စတင်မိတ်ဆက်ခဲ့တာပါ။ Samsung Pay စနစ်ပါဝင်တဲ့ Galaxy ဖုန်းကိုင်သူတွေအနေနဲ့၊ ရှော့ပင်းမောတွေ၊ စတိုးဆိုင်တွေမှာ ဈေးဝယ်ပြီးရင်၊ ကိုယ့်စမတ်ဖုန်းကို ကောင်တာမှာ တစ်ချက်ကပ်ပြလိုက်ရုံနဲ့ ငွေပေးချေနိုင်တဲ့ NFC နည်းပညာသုံးဝန်ဆောင်မှုဖြစ်ပါတယ်။ Samsung Pay စနစ်ဟာ လက်ရှိမှာ Galaxy S7 ၊ S7 Edge ၊ S6 ၊ S6 Edge ၊ S6 Edge Plus နဲ့ Note 5 တို့မှာပဲ ပါဝင်ပါသေးတယ်။

Ref: Cnet

 

 

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category