1847 Shares 836 Views


Nov 08, 2018
1847 836





Ref : gsmarena

[Unicode]

Samsung Phone များမှာ Notch များ ပါလာတော့မည်

Notch မကြိုက်သူများအတွက်တော့ ဒါဟာ သတင်းကောင်း မဟုတ်ပါဘူး။ ဆမ်ဆောင်းက အခြား စမတ်ဖုန်း ကုမ္ပဏီများလို Notch ပါတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက သူ့ရဲ့ Developer Conference (SDC) မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ပွဲမှာ ဆမ်ဆောင်းက အနာဂတ်မှာ သူ့ရဲ့ ဖုန်းများမှာ သုံးမယ့် Notch Design ၃ ခုကို ပြသလိုက်ပါတယ်။ ဒီဇိုင်းများကို Infinity-U, Infinity-V, Infinity-O လို့ အမည်ပေးထားပြီး ဓါတ်ပုံမှာ ဒီဇိုင်းများကို ပုံများနဲ့ ယှဉ်တွဲ ပြသထားပါတယ်။

Notch များရဲ့ ပုံသဏ္ဍာန်ဟာ သူ့ရဲ့ အမည်များအတိုင်း ဖြစ်ပါတယ်။ U, V ပုံသဏ္ဍာန်များကိုတော့ အခြား စမတ်ဖုန်း ထုတ်လုပ်သူများရဲ့ ဖုန်းများမှာ မြင်တွေ့ခဲ့ကြပြီးပါပြီ။ O ပုံသဏ္ဍာန်ကတော့ ထူးခြားပါတယ်။ ဆမ်ဆောင်းက U, V Notch များကို စကရင်ရဲ့ အထက် အလယ်ပိုင်းမှာ တပ်ဆင်ထားပါတယ်။ O ကိုတော့ စကရင်ရဲ့ အထက် ဘယ်ဘက်ထောင့်မှာ ထည့်သွင်းထားပါတယ်။ Notch များမှာ အရှေ့ ကင်မရာနဲ့ ဆန်ဆာများ ပါရှိမှာ ဖြစ်ပါတယ်။

Full Screen Smartphone များကို ဖန်တီးဖို့အတွက် Notch နဲ့ Pop Up Camera များကို ဖန်တီးလာကြပါတယ်။ ဆမ်ဆောင်းကလည်း သူ့ရဲ့ နာမည်ကျော် Infinity Display မှာ Notch Design ကို အသုံးပြုလာတော့မှာပါ။

Ref : gsmarena

You may be interested

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်
NEWS, Softwares & Application
0 shares0 views

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်

Nigma - Mar 23, 2019

Netflix က အိန္ဒိယ အပါအဝင် နိုင်ငံအချို့မှာ မိုဘိုင်းသီးသန့် လစဉ်ကြေးအစီအစဉ်အသစ်တခုကို စမ်းသပ်လျက် ရှိပါတယ်။ ပုံမှန်အားဖြင့် Netflix ကို အိန္ဒိယက ဝယ်မယ်ဆိုရင် အနည်းဆုံး တလ ၇.၂၇ ဒေါ်လာ ပေးရပါတယ်။ မြန်မာနိုင်ငံကနေဆို အနည်းဆုံး ၇.၉၉ ဒေါ်လာ…

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy
Gadgets, NEWS
0 shares0 views

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy

Ko Thuya - Mar 23, 2019

ချစ်တင်းနှောမှုကို ကူညီပေးမယ့် ကိရိယာ ပေါ်လာပါပြီ။ Lovely အမည်ရ ချပ်ဝတ်တန်ဆာ ကွန်ပြူတာငယ်လေးက Tracker ဖြစ်သလို တစ်စိတ်တစ်ပိုင်းအားဖြင့် Sex Toy လည်း ဖြစ်ပါတယ်။ ဒေါ်လာ ၁၆၉ တန်ကြေးရှိပြီး အမျိုးသားလိင်တံရဲ့ အရင်းမှာ ၀တ်ဆင်ထားရမှာပါ။ ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး…

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?
FEATURES, Softwares & Application
23 shares18 views

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?

Ko Thuya - Mar 23, 2019

နာမည်ကျော် မှတ်စု မှတ်သားတဲ့ Evernote App မှာ စာသားများ အပြင် အသံမှတ်စုများ၊ ဗီဒီယို မှတ်စုများကိုလည်း မှတ်သားနိုင်ပါတယ်။ အင်တာနက်မှ သတင်း၊ ဆောင်းပါးများ၊ နည်းလမ်းများ အပါအ၀င် အရာအားလုံးကို မှတ်သားနိုင်ပါတယ်။ သူ့မှာ မှတ်စုများကို လျှင်မြန်လွယ်ကူစွာ မှတ်သားနိုင်တဲ့…

Leave a Comment

Most from this category