744 Shares 209 Views
Nov 08, 2018
744 209
Ref : techradar
[Unicode]
၁၀ မိနစ်အတွင်းမှာ ပို့လိုက်တဲ့ Message ကို Unsend လုပ်နိုင်တော့မယ့် Facebook Messenger
Facebook Messenger မှာ Unsend Feature ထည့်သွင်းပေးမယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ တွစ်တာ သုံးသူ တစ်ဦးက iOS Messenger Version 191.0 ရဲ့ Release Notes မှာ အဲဒီ လုပ်ဆောင်ချက်ကို မကြာမီ ထည့်သွင်းပေးတော့မယ်လို့ ဖော်ပြထားကြောင်း သတင်းပေးထားပါတယ်။ ၁၀ မိနစ်အတွင်းမှာ ပို့လိုက်တဲ့ Message ကို Unsend လုပ်နိုင်မှာပါ။
Facebook ပိုင်ဆိုင်တဲ့ WhatsApp မှာတော့ နာရီပိုင်းအတွင်းမှာ ပို့လိုက်တဲ့ မက်ဆေ့ချ်ကို ဖျက်နိုင်တာ ဖြစ်ပါတယ်။ Messenger မှာတော့ ၁၀ မိနစ်သာ ရတဲ့ အတွက် အချိန်သိပ်မရပါဘူး။ Facebook က စီအီးအို ဖြစ်သူ မတ်ဇူကာဘတ်ရဲ့ မက်ဆေ့ချ်များကို လျှို့ဝှက်စွာ ဖျက်ပစ်လိုက်တယ်လို့ ဝန်ခံ ပြောကြားအပြီး Messenger သုံးသူ အားလုံးအတွက် Unsend Feature ကို ထည့်သွင်းပေးမယ်လို့ ဧပြီလက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို အောက်တိုဘာလတုန်းက စမ်းသပ်နေတာကိုလည်း တွေ့ခဲ့ရဖူးပါတယ်။
ဒီလို Unsend Feature မျိုးဟာ Gmail မှာလည်း ထည့်သွင်းထားတာ ဖြစ်ပြီး စက္ကန့်ပိုင်းအတွင်းမှာ ပို့လိုက်တဲ့ အီးမေးကို Unsend ပြုလုပ်နိုင်ပါတယ်။ ယခင်ကတော့ မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ချ်များကို ဖျက်ပစ်နိုင်ပေမယ့် ပေးပို့သူရဲ့ ဘက်မှာသာ ဖျက်ပေးတာ ဖြစ်ပြီး လက်ခံရရှိသူဘက်မှာတော့ အဲဒီ မက်ဆေ့ချ်ဟာ ကျန်နေပါတယ်။ ယခု Unsend Feature က လက်ခံရရှိသူ ဘက်ကပါ ဖျက်ပေးတာ ဖြစ်ပါတယ်။
Ref : techradar
You may be interested
တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်
NEWS, Softwares & Application
0 shares0 views
တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်
Nigma - Mar 23, 2019
Netflix က အိန္ဒိယ အပါအဝင် နိုင်ငံအချို့မှာ မိုဘိုင်းသီးသန့် လစဉ်ကြေးအစီအစဉ်အသစ်တခုကို စမ်းသပ်လျက် ရှိပါတယ်။ ပုံမှန်အားဖြင့် Netflix ကို အိန္ဒိယက ဝယ်မယ်ဆိုရင် အနည်းဆုံး တလ ၇.၂၇ ဒေါ်လာ ပေးရပါတယ်။ မြန်မာနိုင်ငံကနေဆို အနည်းဆုံး ၇.၉၉ ဒေါ်လာ…
စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy
Gadgets, NEWS
0 shares0 views
စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy
Ko Thuya - Mar 23, 2019
ချစ်တင်းနှောမှုကို ကူညီပေးမယ့် ကိရိယာ ပေါ်လာပါပြီ။ Lovely အမည်ရ ချပ်ဝတ်တန်ဆာ ကွန်ပြူတာငယ်လေးက Tracker ဖြစ်သလို တစ်စိတ်တစ်ပိုင်းအားဖြင့် Sex Toy လည်း ဖြစ်ပါတယ်။ ဒေါ်လာ ၁၆၉ တန်ကြေးရှိပြီး အမျိုးသားလိင်တံရဲ့ အရင်းမှာ ၀တ်ဆင်ထားရမှာပါ။ ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး…
Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?
FEATURES, Softwares & Application
23 shares18 views
Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?
Ko Thuya - Mar 23, 2019
နာမည်ကျော် မှတ်စု မှတ်သားတဲ့ Evernote App မှာ စာသားများ အပြင် အသံမှတ်စုများ၊ ဗီဒီယို မှတ်စုများကိုလည်း မှတ်သားနိုင်ပါတယ်။ အင်တာနက်မှ သတင်း၊ ဆောင်းပါးများ၊ နည်းလမ်းများ အပါအ၀င် အရာအားလုံးကို မှတ်သားနိုင်ပါတယ်။ သူ့မှာ မှတ်စုများကို လျှင်မြန်လွယ်ကူစွာ မှတ်သားနိုင်တဲ့…
Leave a Comment
Most from this category