2512 Shares 799 Views


Nov 08, 2018
2512 799




Ref : theverge

[Unicode]

Samsung က ကွေးညွှတ် စမတ်ဖုန်းကို ပြသ

ဆမ်ဆောင်းက သူ့ရဲ့ Developer Conference (SDC) မှာ ကွေးညွှတ် စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ သူဟာ ဖုန်းလိုရော တက်ဘလက်လိုပါ သုံးနိုင်ပါတယ်။ သူ့မှာ Infinity Flex Display ထည့်သွင်းထားပြီး ကွေးညွှတ် ခေါက်ချိုးနိုင်ပါတယ်။ Pixel Density , Screen Size , Aspect Ratio များ အပါအဝင် ကွေးညွှတ် ဖုန်းရဲ့ အဓိက Specs များကို ဆမ်ဆောင်းက ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ Pixel Density က ၄၂၀ ဖြစ်ပါတယ်။ ခေါက်ချိုးထားရင် Resolution မှာ 840×1960 ဖြစ်ပြီး ဖြန့်ထားရင် 1536×2152 ဖြစ်ပါတယ်။ ခေါက်ချိုးထားရင် ၄.၅၈ လက်မ မျက်နှာပြင်နဲ့ မျက်နှာပြင် အချိုးမှာ 21:9 ဖြစ်ပြီး ဈေးကွက်ထဲမှာ အရှည်ဆုံး ဖုန်း ဖြစ်လာပါတယ်။ ဂိမ်း ကစားခြင်း၊ ဗီဒီယို ကြည့်ခြင်းလို အလုပ်များအတွက်တော့ သိပ်မကောင်းနိုင်ပါဘူး။ တက်ဘလက်လိုသုံးရင် ၇.၃ လက်မ မျက်နှာပြင်နဲ့ မျက်နှာပြင် အချိုးမှာ 4.2:3 ဖြစ်ပြီး တက်ဘလက်တစ်လုံးရဲ့ ပုံမှန် စံနှုန်းနဲ့ တူပါတယ်။

သူ့ရဲ့ အခြား သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ ဂူဂယ်လ်က ကွေးညွှတ် စမတ်ဖုန်းများကို ထောက်ပံ့မှုအားလည်း Android မှာ ထည့်သွင်းပေးထားပါတယ်။ Flipboard ကလည်း Infinity Flex အတွက် အထူးထုတ် App ကို ဖန်တီးပေးဖို့ သဘောတူညီထားပါတယ်။ Samsung က Multi Active Window လို့ အမည်ပေးထားတဲ့ Three-app Multitasking လုပ်ဆောင်ချက် အသစ်ကိုလည်း ကြေညာလိုက်ပါတယ်။ နာမည်ကြီး Developer အချို့က ဆမ်ဆောင်းရဲ့ ကွေးညွှတ် ဖုန်းမှာ ကောင်းစွာ အလုပ်လုပ်မယ့် App Version များကို ဖန်တီးကြတော့မှာပါ။

Ref : theverge

You may be interested

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်
NEWS, Softwares & Application
0 shares0 views

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်

Nigma - Mar 23, 2019

Netflix က အိန္ဒိယ အပါအဝင် နိုင်ငံအချို့မှာ မိုဘိုင်းသီးသန့် လစဉ်ကြေးအစီအစဉ်အသစ်တခုကို စမ်းသပ်လျက် ရှိပါတယ်။ ပုံမှန်အားဖြင့် Netflix ကို အိန္ဒိယက ဝယ်မယ်ဆိုရင် အနည်းဆုံး တလ ၇.၂၇ ဒေါ်လာ ပေးရပါတယ်။ မြန်မာနိုင်ငံကနေဆို အနည်းဆုံး ၇.၉၉ ဒေါ်လာ…

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy
Gadgets, NEWS
0 shares0 views

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy

Ko Thuya - Mar 23, 2019

ချစ်တင်းနှောမှုကို ကူညီပေးမယ့် ကိရိယာ ပေါ်လာပါပြီ။ Lovely အမည်ရ ချပ်ဝတ်တန်ဆာ ကွန်ပြူတာငယ်လေးက Tracker ဖြစ်သလို တစ်စိတ်တစ်ပိုင်းအားဖြင့် Sex Toy လည်း ဖြစ်ပါတယ်။ ဒေါ်လာ ၁၆၉ တန်ကြေးရှိပြီး အမျိုးသားလိင်တံရဲ့ အရင်းမှာ ၀တ်ဆင်ထားရမှာပါ။ ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး…

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?
FEATURES, Softwares & Application
23 shares18 views

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?

Ko Thuya - Mar 23, 2019

နာမည်ကျော် မှတ်စု မှတ်သားတဲ့ Evernote App မှာ စာသားများ အပြင် အသံမှတ်စုများ၊ ဗီဒီယို မှတ်စုများကိုလည်း မှတ်သားနိုင်ပါတယ်။ အင်တာနက်မှ သတင်း၊ ဆောင်းပါးများ၊ နည်းလမ်းများ အပါအ၀င် အရာအားလုံးကို မှတ်သားနိုင်ပါတယ်။ သူ့မှာ မှတ်စုများကို လျှင်မြန်လွယ်ကူစွာ မှတ်သားနိုင်တဲ့…

Leave a Comment

Most from this category