AnTuTu မှာ ရမှတ် အရမ်းကောင်းသွားတဲ့ iPad Pro

မကြာခင်က ကြေညာခဲ့တဲ့ iPad Pro ကို AnTuTu က စမ်းသပ်လိုက်ပါတယ်။ သူ့မှာ ပါတဲ့ A12X Bionic Chip ဟာ အိုင်ဖုန်း အသစ်များမှာ ပါတဲ့ A12 Bionic Chip ထက် GPU စွမ်းရည်မှာ များစွာ တိုးတက်လာပါတယ်။ iPad Pro 11 ဟာ ၅၅၇ ၆၇၉ မှတ် ရခဲ့ပြီး iPhone XS နဲ့ XS Max များရဲ့ ရမှတ်များထက် ၅၀ ရာခိုင်နှုန်းကျော် ပိုများပါတယ်။

ရလဒ်များကို CPU, GPU , UX နဲ့ Memory ဆိုပြီး အပိုင်းလေးပိုင်း ခွဲခြားထားပါတယ်။ AnTuTu က အိုင်ပတ် အသစ်ရဲ့ ရမှတ်များဟာ iPhone XS Max နဲ့ သိပ်မကွာပေမယ့် CPU အပိုင်းမှာ XS Max ရဲ့ ၁၃၁ ၀၀၀ ထက် အိုင်ပတ်ရဲ့ ၁၅၉ ၀၀၀ က ပိုများနေပါတယ်။ ဒါဟာ သိပ်ပြီးတော့ များပြားတယ်လို့တော့ မပြောနိုင်ပါဘူး။ အလားတူ တိုးတက်မှုများကို UX နဲ့ Memory အပိုင်းများမှာလည်း မြင်ရပါတယ်။ ဒါပေမယ့် GPU အပိုင်းမှာတော့ အိုင်ပတ် အသစ်ဟာ အရမ်းလန်းနေပါတယ်။

iPhone XS Max ရဲ့ A12 Bionic Chip ဟာ ၁၅၃ ၀၀၀ မှတ်ရထားပါတယ်။ A12X ကတော့ သူ့ထက် ၂ ဆ ပိုများတဲ့ ၃၁၅ ၁၀၈ မှတ် ရရှိထားပါတယ်။ Graphic Unit ကို Apple ကိုယ်တိုင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အိုင်ပတ် အသစ်ရဲ့ စွမ်းရည်ဟာ အလွန်ကို တိုးတက်လာပါတယ်။ ဒါဟာ A12 ရဲ့ ၆.၉ ဘီလီယမ် ထရန်စစ်စတာထက် ပိုများတဲ့ ၁၀ ဘီလီယမ် ထရန်စစ်စတာကို A12X မှာ သုံးထားလို့ ဖြစ်ပါတယ်။

ref : gsmarena

AnTuTu မှာ ရမှတ် အရမ်းကောင်းသွားတဲ့ iPad Pro

%d bloggers like this: