Xiaomi က ဒေါ်လာ ၃၀ တန် ကြိုးမဲ့ နားကြပ်ကို ပြသ

Xiaomi က Mi AirDots Youth Edition အမည်ရ ကြိုးမဲ့ နားကြပ် အသစ်ကို ကြေညာလိုက်ပါတယ်။ တရုတ်မှာ ကြေညာလိုက်တာ ဖြစ်ပြီး ယွမ် ၂၀၀ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၃၀ ကျသင့်မှာ ဖြစ်ပါတယ်။ သူ့ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

နားကြပ်ဟာ ၄.၂ ဂရမ်သာ ရှိပြီး သူ့မှာ ထိတွေ့အသုံးပြုနိုင်တဲ့ ဧရိယာ တစ်ခု ရှိပါတယ်။ အဲဒီကနေ Music Player ကို ထိန်းချုပ်ခြင်း၊ အဝင်ဖုန်းများကို ဖြေဆိုခြင်း၊ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။

နားကြပ်မှာ Bluetooth 5.0 ဆက်သွယ်မှု ပါရှိပါတယ်။ တစ်ခါအား အပြည့်သွင်းထားရင် ၄ နာရီကြာ အသုံးပြုနိုင်ပါတယ်။ နားကြပ်အတွက် ဖန်တီးထားတဲ့ Case မှာလည်း ဘက်ထရီ ပါရှိပြီး ဘက်ထရီ သက်တမ်းကို ၁၂ နာရီကြာ တိုးမြှင့်ပေးပါတယ်။

လက်ရှိမှာ Xiaomi Mi AirDots ကို တရုတ်မှာသာ ရောင်းချပေးထားပါတယ်။ ရှောင်မီက လာမယ့် ရက်ပိုင်းအတွင်းမှာ ဗြိတိန်တွင် ပွဲတစ်ခု ကျင်းပမှာ ဖြစ်တဲ့ အတွက် အဲဒီပွဲမှာသူ့ရဲ့ ထုတ်ကုန် အသစ်များကို ပြသနိုင်ပါတယ်။

Ref : gsmarena

Xiaomi က ဒေါ်လာ ၃၀ တန် ကြိုးမဲ့ နားကြပ်ကို ပြသ

%d bloggers like this: