မျှော်မှန်းထားသလောက် ရောင်းအား မကောင်းတဲ့ iPhone XR

iPhone အသစ် ၃ လုံးထဲမှာ ဈေးအသက်သာဆုံး ဖြစ်တဲ့ iPhone XR ဟာ သူတို့ထဲမှာ ရောင်းအား အကောင်းဆုံး ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အခုတော့ Nikkei Asian Review က Apple မျှော်လင့်ထားသလောက် XR ဟာ ရောင်းအား မကောင်းဘူးလို့ ပြောပါတယ်။ အဲဒီအတွက် Apple ဟာ XR ထုတ်လုပ်မှုကို ရပ်နားထားတယ်လို့ ပြောပါတယ်။

Apple က XR ရဲ့ အစိတ်အပိုင်းများ ထုတ်လုပ်မှုကို ရပ်နားဖို့ Foxconn နဲ့ Pegatron တို့ကို ပြောထားတယ်လို့ သိရပါတယ်။ Apple က Foxconn , Pegatron နဲ့ Wistron တို့အား သူ့ရဲ့ ဖုန်း အစိတ်အပိုင်းများကို ထုတ်လုပ်ဖို့ အလုပ်အပ်ထားတာ ဖြစ်ပါတယ်။ အခုတော့ Apple က လျှော့ချထုတ်လုပ်ခိုင်းတဲ့ အတွက် Foxconn ဟာ တစ်ရက်ကို အလုံးရေ ၁၀၀ ၀၀၀ ဝန်းကျင် လျှော့ချထုတ်လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မူလလျာထားချက်ထက် ၂၀ ကနေ ၂၅ ရာခိုင်နှုန်း နည်းပါးသွားတာ ဖြစ်ပါတယ်။

Pegatron ကလည်း ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရပြီး Apple ရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေရပါတယ်။ Apple က Wistron ထံကနေ အားလပ်ရက် ရာသီမှာ အိုင်ဖုန်း အသစ်ထပ် မမှာတော့ဘူးလို့လည်း သိရပါတယ်။

Ref : gsmarena

မျှော်မှန်းထားသလောက် ရောင်းအား မကောင်းတဲ့ iPhone XR

%d bloggers like this: