OnePlus 6T အတွက် Thunder Purple အရောင် ထွက်ရှိ

OnePlus 6T အတွက် အနက်ရောင် ၂ မျိုးကိုသာ ကုမ္ပဏီက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ တရုတ်မှာ အရောင် အသစ်တစ်မျိုးကို ရောင်းချပေးလိုက်ပါတယ်။ အရောင် အမည်က Thunder Purple ဖြစ်ပါတယ်။ ခရမ်းဖျော့ အရောင် ဖြစ်ပြီး တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ယွမ် ၃၅၉၉ သတ်မှတ်ထားပြီး ၅၂၀ ဒေါ်လာ ဝန်းကျင် ကျသင့်မှာပါ။ အခြားနိုင်ငံများမှာ ၅၇၉ ဒေါ်လာ ဝန်းကျင်ဖြင့်ရောင်းချနိုင်ပါတယ်။ အရောင်သာ ကွဲပြားပေမယ့် မူလမော်ဒယ်များနဲ့ Specs များက တူညီပါတယ်။

OnePlus 6T ရဲ့ Specs များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ သူ့မှာ Waterdrop စတိုင် Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ၊ အရွယ်ကြီး ဘက်ထရီများ ထည့်သွင်းထားပါတယ်။ သူဟာ ယခင်မျိုးဆက်ထက် စကရင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ ပါးလွှာပါတယ်။ လက်ဗွေရာ ကိရိယာကို စကရင်ရဲ့ အောက်ဘက်ခြမ်းမှာ မြှပ်နှံထားပါတယ်။

သူ့မှာ ၆.၄ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး ယခင်မျိုးဆက်ရဲ့ ၆.၂၈ လက်မထက် အနည်းငယ် ကြီးမားပါတယ်။ OnePlus 6 ရဲ့ 3300mAh ထက်ပိုကြီးတဲ့ 3700mAh Battery ထည့်သွင်းထားပါတယ်။ ကင်မရာ ဟာ့ဒ်ဝဲများဟာ OnePlus 6 နဲ့ တူညီပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲ အပိုင်းမှာ ကွာခြားပါတယ်။ အနောက်ဘက်မှာ 16MP f/1.7 OIS Camera နဲ့ 20MP f/1.7 Camera များ ထည့်သွင်းထားပြီး 2x Telephoto Shot ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ 16MP f/2.0 Camera ပါပါတယ်။ Snapdragon 845 Chipset , Android 9 Pie အခြေပြု OxygenOS ပါပါတယ်။

Ref : gsmarena

OnePlus 6T အတွက် Thunder Purple အရောင် ထွက်ရှိ

%d bloggers like this: