ပထမဆုံး Flash Sale မှာ ၅၇ စက္ကန့်အတွင်း အလုံးရေ ၁ သိန်း ရောင်းချနိုင်ခဲ့တဲ့ Nubia X

ZTE ရဲ့ လက်ခွဲ ကုမ္ပဏီ ဖြစ်တဲ့ Nubia က စွမ်းရည်မြင့် X စမတ်ဖုန်းကို ယခင်တစ်ပတ်က ကြေညာခဲ့ပါတယ်။ သူ့ကို အရောင် ၃ မျိုးနဲ့ Memory Option ၃ မျိုးထုတ်လုပ်ပေးထားပါတယ်။ အခုတော့ သူ့ကို တရုတ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ပထမဆုံး Flash Sale မှာ ၅၇ စက္ကန့်အတွင်း အလုံးရေ ၁ သိန်း ရောင်းချနိုင်ခဲ့ပါတယ်။ တရုတ်မှာ Global Shopping Festival Day ဖြစ်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဒုတိယ အသုတ်ကို ရောင်းချမှာပါ။

6/64GB ကို ယွမ် ၃၂၉၉ နဲ့ 8/128GB ကို ယွမ် ၃၆၉၉ ၊ 8/256GB ကို ယွမ် ၄၁၉၉ သတ်မှတ်ထားပါတယ်။ ၄၇၃ ၊ ၅၃၀ နဲ့ ၆၀၂ ဒေါ်လာ အသီးသီး တန်ကြေးရှိပါတယ်။ ဒါဟာ အညိုနဲ့ ရွှေရောင်များရဲ့ ဈေး ဖြစ်ပါတယ်။ အပြာရောင်က ယွမ် ၁၀၀ ( ၁၅ ဒေါ်လာ) ပိုဈေးများပါတယ်။

သူ့ရဲ့ ထူးခြားချက်က အရှေ့ဘက်မှာကင်မရာ မပါဘဲ အနောက်ဘက်မှာသာ ကင်မရာ ပါပါတယ်။ ဒါပေမယ့် ဆဲလ်ဖီး ဆွဲလို့ရအောင် အနောက်ဘက်မှာ မျက်နှာပြင် အပိုတစ်ခု ထည့်ထားပါတယ်။ အနောက် မျက်နှာပြင်ကို Screen Off လိုက်ရင် သူဟာ ဖုန်းကိုယ်ထည်အရောင်နဲ့ တစ်သားထဲ ဖြစ်သွားတဲ့ အတွက် အနောက်မှာ မျက်နှာပြင်တစ်ခု အပိုပါတယ်ဆိုတာ မသိသာပါဘူး။

သူ့ရဲ့ ပင်မ မျက်နှာပြင်က ၆.၂၆ လက်မ LCD (2280×1080)p ဖြစ်ပြီး အနောက် မျက်နှာပြင်က 1520x720p OLED ဖြစ်ပါတယ်။ 3800mAh Battery , 6 or 8GB RAM , Snapdragon 845 , Android 8.1 Oreo အခြေပြု OS များ ပါပါတယ်။

Ref : gsmarena

ပထမဆုံး Flash Sale မှာ ၅၇ စက္ကန့်အတွင်း အလုံးရေ ၁ သိန်း ရောင်းချနိုင်ခဲ့တဲ့ Nubia X

%d bloggers like this: