သီချင်းအပုဒ်ရေ သန်း ၂၀ ကျော်အခမဲ့နားဆင်နိုင်မယ့် Will.i.am ရဲ့ စမတ်နာရီ

The Black Eyed Peas အဖွဲ့အဆိုတော် Will.i.am ရဲ့ စမတ်နာရီအသစ် ထွက်ပေါ်လာပါပြီ။

Dial လို့ အမည်ပေးထားတဲ့ ဒီစမတ်နာရီဟာ SIM ကတ်ထည့်ပြီး ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်သလို၊ သီချင်း အပုဒ်ရေ သန်း ၂၀ ကျော် အခမဲ့နားဆင်နိုင်မယ့် ဝန်ဆောင်မှုပါ ပါဝင်လာတယ်လို့ သိရပါတယ်။

Will.i.am ဟာ ဒီစမတ်နာရီကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ၊ MWC ပွဲမှာ စတင်မိတ်ဆက်ပြသသွားခဲ့တာဖြစ်ပြီး၊ အခုဆို UK telecom ကုမ္ပဏီ Three ကနေ လစဉ်ကြေးနဲ့ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Dial စမတ်နာရီမှာ ၁.၆၃ လက်မအရွယ် AMOLED မျက်နှာပြင် နဲ့ storage 32 GB ပါရှိပြီး၊ 2 Megapixel ရှေ့ကင်မရာလည်း ပါဝင်တာကြောင့်၊ ဆယ်လ်ဖီတွေလည်း ကောင်းကောင်းရိုက်နိုင်မှာပါ။ 3G ၊ Wi-Fi နဲ့ GPS တွေလည်း ပါဝင်ပါတယ်။

Apple Watch လိုမျိုး စမတ်နာရီတွေနဲ့ မတူတာက ဖုန်းနဲ့ ချိတ်ပြီးသုံးနေရတာမျိုးမဟုတ်ဘဲ၊ စမတ်နာရီထဲမှာ SIM ကတ်ထည့်ပြီး၊ ဖုန်းခေါ်၊ မက်ဆေ့ပို့၊ အီးမေးလ်ပို့တာတွေ အကုန်လုပ်ဆောင်နိုင်ပါတယ်။ စခရင်လက်မက ၁.၆၃ လက်မပဲရှိလို့၊ နာရီပေါ်မှာ စာရိုက်ရာမှာ အခက်တွေ့တာမျိုးရှိမှာမဟုတ်ဘဲ၊ အသံနဲ့တင် နာရီကို စေခိုင်းနိုင်တယ်လို့ သိရပါတယ်။

‘Dial’ စမတ်နာရီမှာ Apple ရဲ့ Siri လိုမျိုး AneedA ဆိုတဲ့ AI ဆော့ဖ်ဝဲတစ်ခုပါရှိပြီး၊ စားသောက်ဆိုင်ရှာပေးတာ၊ tweet လုပ်ပေးတာ၊ ဓာတ်ပုံရိုက်ပေးတာတွေအပြင်၊ လေယာဉ်လက်မှတ်ကြိုမှာပေးတာမျိုးတွေပါ လုပ်ဆောင်နိုင်ပါတယ်။

‘Dial’ နာရီရဲ့ အမိုက်ဆုံး feature တစ်ခုကတော့၊ သီချင်းအပုဒ်ရေ သန်း ၂၀ ကျော်ကို နာရီကနေ အခမဲ့နားဆင်နိုင်မှာဖြစ်ပြီး၊ နောက်ထပ်သီချင်းတွေ ထပ်ထည့်သွားဖို့လည်းရှိတယ်လို့ Will.i.am က ပြောကြားခဲ့ပါတယ်။

UK telecom ကုမ္ပဏီဖြစ်တဲ့ Three UK ကနေပဲ လစဉ်ကြေးသွင်း ဝယ်ယူနိုင်ဦးမှာဖြစ်ပြီး၊ လစဉ်ကြေးကတော့ အရင်ဆုံး ၄၉ ပေါင်သွင်းပြီး၊ နောက်ထပ် တစ်လကို ၂၂ ပေါင်၊ ၂ နှစ်ဆက်တိုက် သွင်းပေးရမှာဖြစ်ပါတယ်။

315E50BE00000578-3454350-image-a-39_1455887200920

 

Ref: Cnet, DailyMail

 

 

%d bloggers like this: