OnePlus 6T ကို အနက်ရောင်သာ ထုတ်လုပ်ပေးထားတဲ့ အတွက် စိတ်ပျက်နေတဲ့ Fans တွေ ရှိနေမှာပါ။ အခုတော့ သတင်းကောင်းတစ်ခု ထွက်လာပါတယ်။ အဲဒါကတော့ သူ့အတွက် အရောင် အသစ်တစ်မျိုး ထွက်လာဦးမှာပါ။ Thunder Purple အရောင် ဖြစ်ပြီး Amazon Germany မှာ စာရင်းတင်ထားပါတယ်။ ယူရို ၅၈၀ သတ်မှတ်ထားပြီး Midnight Black ရဲ့ 8/128GB Version နဲ့ ဈေးနှုန်း တူပါတယ်။
OnePlus Series များထဲမှာ သူဟာ ပထမဆုံး ခရမ်းရောင် စမတ်ဖုန်း ဖြစ်လာမှာပါ။ ယခင်က အညို၊ အနက်၊ ရွှေ၊ အနီနဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ OnePlus 6 ရဲ့ Amber Red ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။
OnePlus 6T ရဲ့ Specs များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ သူ့မှာ Waterdrop စတိုင် Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ၊ အရွယ်ကြီး ဘက်ထရီများ ထည့်သွင်းထားပါတယ်။ သူဟာ ယခင်မျိုးဆက်ထက် စကရင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ ပါးလွှာပါတယ်။ လက်ဗွေရာ ကိရိယာကို စကရင်ရဲ့ အောက်ဘက်ခြမ်းမှာ မြှပ်နှံထားပါတယ်။
သူ့မှာ ၆.၄ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး ယခင်မျိုးဆက်ရဲ့ ၆.၂၈ လက်မထက် အနည်းငယ် ကြီးမားပါတယ်။ OnePlus 6 ရဲ့ 3300mAh ထက်ပိုကြီးတဲ့ 3700mAh Battery ထည့်သွင်းထားပါတယ်။ ကင်မရာ ဟာ့ဒ်ဝဲများဟာ OnePlus 6 နဲ့ တူညီပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲ အပိုင်းမှာ ကွာခြားပါတယ်။ အနောက်ဘက်မှာ 16MP f/1.7 OIS Camera နဲ့ 20MP f/1.7 Camera များ ထည့်သွင်းထားပြီး 2x Telephoto Shot ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ 16MP f/2.0 Camera ပါပါတယ်။ Snapdragon 845 Chipset , Android 9 Pie အခြေပြု OxygenOS ပါပါတယ်။
Ref : gsmarena
Thunder Purple အရောင် ထွက်လာနိုင်တဲ့ OnePlus 6T