OnePlus 6T ဝယ်ဖို့ တန်းစီနေသူများအား ဂဏန်းပေါင်းစက် လက်ဆောင်ပေးခြင်းဖြင့် Troll လိုက်တဲ့ Xiaomi

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ OnePlus 6T ဝယ်ဖို့ တန်းစီနေသူများအား ရှောင်မီက ဂဏန်းပေါင်းစက် လက်ဆောင်ပေးခြင်းဖြင့် လှောင်ပြောင်လိုက်ပါတယ်။ Xiaomi Poco F1 ဟာ OnePlus 6T ထက် ဈေးသက်သာတာကို တွက်ချက်ကြည့်ဖို့ ဆိုလိုတာပါ။

Poco India က OnePlus ရဲ့ ဆောင်ပုဒ် ဖြစ်တဲ့ “ Never Settle “ စာသားကို သုံးစွဲပြီး တွစ်တာမှာ ပို့စ်တင်လိုက်ပါတယ်။ ပို့စ်မှာ “ Pocophone F1 မှာ OnePlus 6T နဲ့ တူညီတဲ့ ပရော်ဆက်ဆာနဲ့ RAM များပါပါတယ်။ ဘက်ထရီက ပိုတောင် ကောင်းပါသေးတယ်။ နားကြပ်ပေါက်လည်း ထည့်သွင်းထားပါတယ်။ OnePlus 6T ရဲ့ ရူပီး ၃၇ ၉၉၉ ထက် ဈေးသက်သာပြီး ရူပီး ၂၀ ၉၉၉ သာ ရှိပါတယ်။ တွက်ချက်ကြည့်ကြပါ။ “ လို့ ရှင်းပြထားပါတယ်။

Poco F1 မှာ LCD Panel ထည့်သွင်းထားပြီး အရွယ်ကြီး Notch ပါပါတယ်။ ပလတ်စတစ်ဖြင့် တည်ဆောက်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံကိရိယာ မြှပ်နှံထားပါတယ်။ OnePlus 6T မှာတော့ Waterdrop Notch နဲ့ AMOLED Screen များ ထည့်သွင်းထားပါတယ်။ စကရင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

Ref : gsmarena

OnePlus 6T ဝယ်ဖို့ တန်းစီနေသူများအား ဂဏန်းပေါင်းစက် လက်ဆောင်ပေးခြင်းဖြင့် Troll လိုက်တဲ့ Xiaomi

%d bloggers like this: