0 Shares 117 Views

၇၈ ဒီဂရီ 13 MP ကင်မရာ နဲ့ ၁၂၀ ဒီဂရီ 5 MP ကင်မရာနှစ်လုံးတွဲပါ LG X Cam

Apr 30, 2016
0 117

LG ဟာ X စီးရီးစမတ်ဖုန်းရဲ့ X Cam နဲ့ X Screen ဆိုတဲ့ ဖုန်းနှစ်မျိုးကို ဖေဖော်ဝါရီလတုန်းက စတင်ကြေငြာခဲ့ပြီး၊ X Screen ဖုန်းကို မကြာသေးခင်က စတင်ရောင်းချခဲ့ပါတယ်။

အခုဆိုရင် ကျောကင်မရာနှစ်လုံးတွဲပါတဲ့ LG X Cam ဖုန်းကိုလည်း မကြာခင်ရောင်းချတော့မှာ ဖြစ်ပြီး၊ ဒီဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေကို မနေ့က တရားဝင်ကြေငြာလိုက်ပါတယ်။

LG X Cam ဖုန်းဟာ မျက်နှာပြင် ၅.၂ လက်မ (1920 x 1080 pixels) IPS dislay ပါရှိပြီး၊ Android Marshmallow နဲ့ လာမှာဖြစ်ပါတယ်။ 1.14 GHz octa core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 2 GB နဲ့ ဖုန်းတွင်း storage 16 GB ပါရှိတယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ microSD ကတ် 2TB အထိ ထပ်စိုက်နိုင်တာဖြစ်ပါတယ်။ ဘက်ထရီကတော့ သိပ်မများဘဲ 2520 mAh ဘက်ထရီဖြစ်ပါတယ်။

LG X Cam ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ ကျောကင်မရာနှစ်လုံးတွဲ ပါရှိတာဖြစ်ပြီး၊ တစ်လုံးက ၇၈ ဒီဂရီ lens ပါဝင်တဲ့ 13MP ကင်မရာဖြစ်ပြီး၊ ကျန်တစ်လုံးကတော့ ၁၂၀ ဒီဂရီကျယ် lens ပါဝင်တဲ့ 5MP ကင်မရာ ဖြစ်ပါတယ်။ ဒီကင်မရာနှစ်လုံးတွဲကနေ LG G5 ဖုန်းမှာလိုမျိုး၊ မြင်ကွင်းတွေ ရှေ့တိုး၊နောက်ဆုတ်လုပ်လို့ရတဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ ရှေ့ကင်မရာကတော့ 8 MP ဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ ဘယ်နေ့ တရားဝင်ထုတ်မလဲဆိုတာကိုတော့ LG က ထုတ်ပြန်ကြေငြာထားခြင်း မရှိသေးပါဘူး။

Ref: GSM Arena

 

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category