အမေရိကန်မှာ OnePlus က T-Mobile နဲ့ ပူးပေါင်းပြီး 6T Smartphone ကို ရောင်းချပေးနေပါတယ်။ အခုတော့ T-Mobile က iPhone ထက် OnePlus 6T ရောင်းချတဲ့ နေရာမှာ လူ ပိုတန်းစီနေကြတယ်လို့ ပြောပါတယ်။ ဒီပြောကြားချက်ကို T-Mobile ရဲ့ ဝန်ထမ်းတစ်ဦးက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာ OnePlus 6T ကို T-Mobile ကနေသာ ဝယ်ယူနိုင်ပါသေးတယ်။
OnePlus က သူ့ရဲ့ ဖုန်း အဟောင်းများနဲ့ 6T ကို လဲလှယ်နိုင်တဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။ လဲလှယ်နိုင်တဲ့ ဖုန်း အဟောင်းများထဲမှာ OnePlus One တောင် ပါဝင်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ စံနှုန်း သတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ ဖုန်းအဟောင်းများကိုသာ လက်ခံတာ ဖြစ်ပါတယ်။
ဖုန်းအဟောင်းများအတွက် ကုမ္ပဏီက ဒေါ်လာ ၃၀၀ ပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ၅၈၀ ဒေါ်လာတန် OnePlus 6T ကို ၂၈၀ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို လျှော့ဈေးမျိုးကို Apple နဲ့ Samsung တို့ မပြုလုပ်နိုင်သေးပါဘူး။
OnePlus ဟာ T-Mobile နဲ့ Qualcomm တို့ရဲ့ အကူအညီနဲ့ အမေရိကန် ဈေးကွက်ကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ T-Mobile က အမေရိကန်မှာ AT&T နဲ့ Verizon တို့ရဲ့ ဈေးကွက်ဝေစုကို လုယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Ref : gsmarena
iPhone ထက် OnePlus 6T ရောင်းချတဲ့ နေရာမှာ လူ ပိုတန်းစီနေကြ