ရှောင်မီက လွန်ခဲ့တဲ့ ၂ လက Pocophone F1 ကို ရောင်းချခဲ့ပါတယ်။ သူ့မှာ စွမ်းရည်မြင့် Chipset ပါပေမယ့် ဈေးက အလွန် သက်သာပါတယ်။ သူ့မှာ Android Oreo အခြေပြု MIUI 9.6 ထည့်သွင်းထားပါတယ်။ အခုတော့ သူ့ အတွက် Android Pie အခြေပြု MIUI 10.8.30 Beta ROM ကို ဖြန့်ချီပေးလိုက်ပြီလို့ အင်တာနက်မှာ ရေးသားဖော်ပြနေကြပါတယ်။
Pocophone ရဲ့ ထုတ်ကုန် ဌာန အကြီးအကဲ ဖြစ်သူ Jai Mani က Android Pie နဲ့ Android Q ကို Pocophone F1 အတွက် ဖန်တီးပေးမယ်လို့ မနေ့က အတည်ပြုထားပါတယ်။ ယခု Beta ROM သာ အဆင်ပြေမယ်ဆိုရင် ရှောင်မီက သောကြာနေ့မှာ လူတိုင်းအတွက် ဖြန့်ချီပေးနိုင်ပါတယ်။ Stable ROM ကိုတော့ ယခုနှစ်ကုန်မှာ ဖြန့်ချီမယ်လို့ ထင်ရပါတယ်။
Android Pie Beta ROM ရဲ့ အရွယ်အစားဟာ 1.5GB ရှိပါတယ်။ ဒါ့အပြင် သူဟာ Closed Beta ဖြစ်တဲ့အတွက် Custom Recovery Tool နဲ့ Flash လုပ်မှ တင်နိုင်မှာ ဖြစ်ပါတယ်။ Official Updater နည်းလမ်းနဲ့ တင်လို့ မရပါဘူး။
Ref : gsmarena
Pocophone F1 အတွက် Android Pie Beta ရပြီ
You must log in to post a comment.