တရုတ် သူလျှိုများက လေယာဉ် ကုမ္ပဏီများထံကနေ နည်းပညာများ ခိုးယူကြောင်း အမေရိကန် တရားရေး ဌာနက စွပ်စွဲ

တရုတ် သူလျှို အဖွဲ့တစ်ခုက လေယာဉ် ကုမ္ပဏီများထံကနေ နည်းပညာများကို နှစ်ပေါင်းများစွာ ခိုးယူထားကြောင်း အမေရိကန် တရားရေး ဌာနက စွပ်စွဲ လိုက်ပါတယ်။ စီးပွားဖြစ်ပြေးဆွဲနေတဲ့ ခရီးသည်တင် လေယာဉ်များမှာ အသုံးပြုတဲ့ တာဘိုဖန် အင်ဂျင်ရဲ့ နည်းပညာများကို တရုတ် ထောက်လှမ်းရေး အရာရှိများက ခိုးယူခဲ့တယ်လို့ တရားရေး ဌာနက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀၁၀ ခုနှစ် အစောပိုင်းကနေ ၂၀၁၅ ခုနှစ် မေလ မတိုင်ခင် ကာလအတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ သူလျှိုများဟာ အမေရိကန် ကုမ္ပဏီတစ်ခုနဲ့ အတူ အင်ဂျင်ကို ဖန်တီးနေတဲ့ ပြင်သစ်လေယာဉ် ကုမ္ပဏီထံကနေ ခိုးယူခဲ့တာ ဖြစ်ပါတယ်။

တရုတ် သူလျှိုများဟာ ပြင်သစ် ကုမ္ပဏီ၊ ပြည်နယ်များစွာမှ လေယာဉ်နည်းပညာ ကုမ္ပဏီများနဲ့ ဗြိတိန်မှ ကုမ္ပဏီများကို Hack ခဲ့တယ်လို့ ပြောပါတယ်။ တရားရေး ဌာနက ဟက်ကာများဟာ ကန့်သတ် သတင်းအချက်အလက်များကို ရယူဖို့ Phishing နဲ့ Malware များကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ ယခု ဖြစ်ရပ် အပါအဝင် ပြီးခဲ့တဲ့ လကတည်းက တရားရေး ဌာနဟာ ဒီလို စွပ်စွဲမှုမျိုး သုံးခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ တရားရေး ဌာနက တရုတ် ထောက်လှမ်းရေး အရာရှိများဟာ လေယာဉ် အင်ဂျင်ရဲ့ လျှို့ဝှက်ချက်များကို ခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အမေရိကန် တရားသူကြီး Adam Braverman က “ ဒီလို ခိုးယူမှုများဟာ တိုင်းပြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ တရုတ်ရဲ့ စီးပွားရေး အကျိုးအမြတ်အတွက် တရုတ် အမိမြေ လုံခြုံရေး ဌာနက ပြုလုပ်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : theverge

တရုတ် သူလျှိုများက လေယာဉ် ကုမ္ပဏီများထံကနေ နည်းပညာများ ခိုးယူကြောင်း အမေရိကန် တရားရေး ဌာနက စွပ်စွဲ

%d bloggers like this: