Vivo Mandalay Showroom 3.0 Experience Center ဖွင့်လှစ်

နိုဝင်ဘာလ(၄)ရက်နေ့ မှာ မန္တလေးမြို့၊ ၃၃လမ်း၊ ၇၇လမ်း နှင့် ၇၈လမ်းကြားရှိ Vivo Showroom ကို Version 3.0 Upgrade လုပ်ပြီး အသစ်တစ်ဖန် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

Vivo Showroom ဖဲကြိုးဖြတ်ဖွင့်ပွဲအခမ်းအနားသို့ Vivo ရဲ့ Brand Ambassador ဝိုင်းစုခိုင်သိန်း၊ နန်းစန္ဒာလှထွန်း ၊ ပိုးကြာဖြူခင် တို့ တက်ရောက် ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

ဖွင့်ပွဲနေ့တွင် ပထမဆုံး ဖုန်းဝယ်သည့် အယောက်(၆၀) အတွက် (၂သောင်း) တန်ဖိုးရှိသည့် လက်ဆောင်ဘူး ပေးအပ်သွားမှာ ဖြစ်ပါတယ်။

နံနက်(၈း၃၀)နာရီ စ၍ ဆိုင်ဖွင့်ပွဲသို့ ပထမဦးဆုံး တက်ရောက် လာသည့် Customer အယောက် (၁၀၀) ကိုလည်း ကျပ်ငွေ (၁၅၀၀၀) တန်ဖိုးရှိ V Fan အကျီလက်ဆောင် ပေးသွားဦးမှာပါ။

ဒါ့အပြင် ခုဝယ်၊ ခုယူ လက်ဆောင် (၅)မျိုး လည်း ပေးသွားမည့်အပြင် ကံစမ်းမဲ အစီအစဉ် များလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Vivo Showroom မှာ လူကြီးမင်းတို့ စိတ်တိုင်းကျ လိုအပ်တာများ ဝယ်ယူပြီး ငွေရှင်းရန် နေရာ ကောင်တာကိုလည်း ရိုးရှင်းသောဒီဇိုင်း ခန့်ညားလှပပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးထားပါတယ်။

လူကြီးမင်းတို့ကို Vivo Showroom မှ ဝန်ဆောင်မှု အပြည့်ဖြစ် ကြိုဆိုလျက်ပါ။ Vivo Showroom မှာ စောင့်ဆိုင်းနားနေရန် နေရာကိုလည်း ဖန်တီးပေးထားပါတယ်။ Vivo ဝန်ထမ်းများမှ လူကြီးမင်း တို့ကို လိုအပ်တာများကို စိတ်တိုင်းကျ ဝန်ဆောင်မှု ပေးဖို့ အဆင့်သင့်ပါ။

လူကြီးမင်းတို့ အနေဖြင့် Vivo စမတ်ဖုန်းတွေ Vivo Showroom တွေမှာ စိတ်တိုင်းကျ လက်တွေ့ စမ်းသပ် အသုံးပြုနိုင်ရန် ယခုလို ပြင်ဆင်ထားရှိထားပါတယ်။ Vivo Showroom တွေကို လာရောက် လေ့လာဖို့အတွက်လည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Vivo ကနေ ထွက်ရှိထားတဲ့ စမတ်ဖုန်းအမျိုးအစားများကို တစ်နေရာထဲမှာ ရွေးချယ်နိုင်ရန်အတွက်လည်း counter များဖြင့် ပြုလုပ်ထားပါတယ်။ Vivo ဝန်ထမ်းများမှလည်း လူကြီးမင်းတို့ သိရှိလိုတာများကို ရှင်းလင်းပြောကြားပေးဖို့ အဆင့်သင့်ပါ။

လူကြီးမင်းတို့ စမတ်ဖုန်းတွေကို သန့်ရှင်းရေး ပြုလုပ်ခြင်း၊ Virus ရှင်းလင်းခြင်း၊ ပိုးသတ်ခြင်းများကိုလည်း Vivo Showroom တွေမှ အခမဲ့ဝန်ဆောင်မှု ပြုလုပ်ပေးလျက်ရှိပါတယ်။

Vivo ဖုန်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ Accessory များ၊ Vivo ကနေ လက်ဆောင်ပေးသောပစ္စည်းများကိုလည်း တနေရာတည်းမှာ ခင်းကျင်းပြသပေးထားပါတယ်။

Vivo Showroom ကို လာရောက် ဝယ်သူအားပေးကြတဲ့ လူကြီးမင်းတို့အတွက် အေးအေးဆေးဆေး သက်တောင့်သက်တာ စောင့်ဆိုင်းပြီး အနားယူနိုင်အောင်လည်း အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ ပြုလုပ်ထားပါတယ်။

Vivo Showroom သို့ လာရောက်လေ့လာကြဖို့အတွက်လည်း ဖိတ်ခေါ်လိုက်ပါတယ်။

Vivo Mandalay Showroom 3.0 Experience Center ဖွင့်လှစ်

%d bloggers like this: