Xiaomi Black Shark Helo ကို စောစောစီးစီး ရောင်းပေးလိုက်ပြီ

Xiaomi Black Shark Helo ကို ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ရောင်းချမယ်လို့ ထင်ခဲ့ကြပါတယ်။ အခုတော့ သူ့ကို စောစောစီးစီးပဲ ရောင်းပေးလိုက်ပါပြီ။ ဝီဘိုမှာ ရှောင်မီရဲ့ တည်ထောင်သူ လီဂျွန်က Official Mi Online Store ကနေ ဒီနေ့ပဲ ရောင်းပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

တရုတ်မှာ Flash Sale အနေနဲ့ ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ 10GB Version ကိုတော့ စတိုးမှာ ရောင်းချခြင်း မရှိသေးပါဘူး။ စတိုးမှာ 8GB/128GB နဲ့ 6GB/128GB တို့ကို ယွမ် ၃၄၉၉ နဲ့ ၃၁၉၉ ဖြင့် အသီးသီး ရောင်းချပေးထားပါတယ်။ ဒေါ်လာအားဖြင့် ၅၀၂ နဲ့ ၄၅၉ အသီးသီး ကျသင့်ပါတယ်။

Black Shark Helo ဟာ Black Shark Gaming Phone ရဲ့ မျိုးဆက်ဖြစ်ပြီး အဓိက ကွာခြားချက်မှာ Display ဖြစ်ပါတယ်။ မော်ဒယ် အသစ်မှာ LCD အစား AMOLED ကို သုံးထားပါတယ်။ Notch မပါတဲ့ ၆.၀၁ လက်မ FHD+ Display ထည့်ထားပါတယ်။ Refresh Rate မှာ 60Hz ဖြစ်တဲ့ အတွက် ပြိုင်ဖက်များရဲ့ 120Hz ထက် အားနည်းနေပါတယ်။

Snapdragon 845 , 6 or 8GB RAM , 128GB Storage များ ပါပါတယ်။ 10GB RAM, 256GB Storage ပါတဲ့ တန်ဖိုးကြီး မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါတယ်။ 12+20MP Dual Rear Camera နဲ့ 20MP Front Camera များ ပါပါတယ်။ Quick Charge 3.0 ပါတဲ့ 4000mAh Battery ထည့်ထားပါတယ်။ Android 8.1 အခြေပြု MIUI 10 ပါပါတယ်။ ဂိမ်းကစားဖို့ အတွက် Accessory များစွာ ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena

Xiaomi Black Shark Helo ကို စောစောစီးစီး ရောင်းပေးလိုက်ပြီ

%d bloggers like this: