မြင့်မားတဲ့ Specs များ ထည့်သွင်းထားတဲ့ Mac Mini အသစ်ကို မိတ်ဆက်

Apple က Mac Mini အသစ်ကို ကြေညာလိုက်ပါတယ်။ ဒတ်စတော့ ကွန်ပြူတာအတွက် Space Gray အရောင်ကိုပါ ထုတ်လုပ်ထားပါတယ်။ 4 or 6 Core Processor များ ရွေးချယ်နိုင်ပါတယ်။ ယခုမော်ဒယ် မတိုင်ခင် နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Mac Mini ဟာ လွန်ခဲ့တဲ့ လေးနှစ်အကြာက ဖြစ်ပါတယ်။ Apple က မော်ဒယ် အသစ်ဟာ ယခင်မျိုးဆက်ထက် ၅ ဆ ပိုမြန်တယ်လို့ ပြောတာက သိပ်တော့ အံ့သြစရာ မကောင်းပါဘူး။

ယခင် Mac Mini မှာ 16GB RAM သာပါပါတယ်။ အခုတော့ 64GB အထိတောင် ရွေးချယ်နိုင်ပါတယ်။ Storage အပိုင်းမှာ 2TB အထိ ရွေးချယ်နိုင်ပြီး ယခင်ထက် နှစ်ဆ ပိုများလာပါတယ်။ Ports များစွာ ထည့်သွင်းထားပါတယ်။ Ethernet Port တစ်ခု၊ Thunderbolt/USB-C Port လေးခုနဲ့ USB-A Port နှစ်ခု ထည့်သွင်းထားပါတယ်။

T2 Security Chip ထည့်သွင်းထားပြီး သင့် ဒေတာများကို Encrypt လုပ်ပေးတဲ့ SSD Controller လို လုပ်ဆောင်ချက်များ ပါပါတယ်။ Mac Mini ကို စွန့်ပစ် အလူမီနီယမ်နဲ့ ၁၀၀ ရာခိုင်နှုန်း၊ စွန့်ပစ် ပလတ်စတစ်နဲ့ ၆၀ ရာခိုင်နှုန်းဖြင့် တည်ဆောက်ထားပါတယ်။

8GB RAM , Quad-core Core i3 , 128GB SSD ပါတဲ့ တန်ဖိုး အနည်းဆုံး မော်ဒယ်ကို ၇၉၉ ဒေါ်လာ သတ်မှတ်ထားပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ရောင်းချမှာပါ။

Ref : tnw

မြင့်မားတဲ့ Specs များ ထည့်သွင်းထားတဲ့ Mac Mini အသစ်ကို မိတ်ဆက်

%d bloggers like this: