အိန္ဒိယရဲ့ ဖုန်းရောင်းအားမှာ Samsung ကို ကျော်တက်သွားတဲ့ Xiaomi

Canalys ရဲ့ ခွဲခြမ်းစိတ်ဖြာသူများက တတိယ ကွာတားဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှ အိန္ဒိယရဲ့ ဖုန်းရောင်းအားများကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ တတိယ ကွာတား သို့မဟုတ် ကွာတား ၃ မှာ ရှောင်မီဟာ ဆမ်ဆောင်းကို ကျော်တက်ပြီး ဖုန်း အများဆုံး ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ ကွာတား ၃ မှာ ရှောင်မီဟာ အလုံးရေ ၁၂ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ယခင်နှစ် ကွာတား ၃ ထက် ၃၂ ရာခိုင်နှုန်း ပိုရောင်းကောင်းခဲ့တာပါ။

ဆမ်ဆောင်းကတော့ ယခင်နှစ် ကွာတား ၃ ထက် ရောင်းအား ၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ယခုနှစ် ကွာတား ၃ မှာ အလုံးရေ ၉.၃ သန်း ရောင်းချထားပါတယ်။ Vivo ကလည်း ယခင်နှစ်ထက် ရောင်းအား ၁၂ ရာခိုင်နှုန်း ပိုကောင်းလာပြီး ၄.၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Oppo ရဲ့ ရောင်းအားဟာလည်း ၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၃.၆ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Oppo ရဲ့ Realme Phone များဟာ ရောင်းအား ကောင်းခဲ့ပြီး ကွာတား ၃ မှာ အလုံးရေ ၈၀၀ ၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။

နံပါတ် ၆ နေရာမှာ အိန္ဒိယ ပြည်တွင်း ကုမ္ပဏီ Micromax က ရပ်တည်နေပါတယ်။ သူက ကွာတား ၃ မှာ အလုံးရေ ၂.၆ သန်း ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ရောင်းအားထက် ၆၂ ရာခိုင်နှုန်း ရောင်းအား တက်လာခဲ့ပါတယ်။

Ref : gsmarena

အိန္ဒိယရဲ့ ဖုန်းရောင်းအားမှာ Samsung ကို ကျော်တက်သွားတဲ့ Xiaomi

%d bloggers like this: