Apple က Retina Display ပါတဲ့ MacBook Air အသစ်ကို ကြေညာ

Apple က အလွန် ပါးလွှာပေါ့ပါးတဲ့ MacBook Air အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ မော်ဒယ်အသစ်မှာ ယခင် မျိုးဆက်ထက် Bezel များ ၅၀ ရာခိုင်နှုန်း ပိုမိုပါးလွှာလာတဲ့ Retina Display ထည့်သွင်းထားပါတယ်။ သူ့မှာ ၁၃.၃ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး Full Screen Design ဖြစ်ပါတယ်။ USB-C Port ၂ ခု ၊ 3.5mm Headphone Jack ၁ ခု ပါပါတယ်။ ၂.၇၅ ပေါင် အလေးချိန်ရှိပြီး ယခင်မျိုးဆက်ထက် ပေါ့ပါးပါတယ်။

MacBook Air အသစ်မှာ Log In လုပ်ဖို့ Touch ID ပါပါတယ်။ သူ့ကို ယခင်နှစ်ထုတ် MacBook Pro နဲ့ iMac Pro Models များမှ T2 Chip က ပံ့ပိုးပေးထားတာပါ။ ဒါပေမယ့် သူ့မှာ Touch Bar မပါပါဘူး။ သူဟာ Air Design ပါတဲ့ MacBook Pro လို့ ပြောနိုင်ပါတယ်။ တတိယမျိုးုဆက် ကီးဘုတ် ထည့်ထားပါတယ်။

MacBook Air အသစ်မှာ 8th Gen Intel Dual-Core CPU မောင်းနှင်ထားပါတယ်။ 16GB RAM , 1.5TB SSD အထိ ရွေးချယ်နိုင်ပါတယ်။ Thunderbolt 3 Port ၂ ခုပါပြီး 5K Display နဲ့ ချိတ်ဆက်နိုင်ပါတယ်။ အခြေခံ မော်ဒယ်မှာ 8GB RAM , 1.6GHz Core i5 , 128GB SSD များ ပါပြီး ၁၁၉၉ ဒေါ်လာသတ်မှတ်ထားပါတယ်။ သူ့ကို စွန့်ပစ် အလူမီနီယမ်ဖြင့် ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ထားတာက Apple ရဲ့ ပထမဆုံး ဖြစ်ပါတယ်။

Ref : theverge

Apple က Retina Display ပါတဲ့ MacBook Air အသစ်ကို ကြေညာ

%d bloggers like this: