Oppo က In-display Fingerprint Reader ပါတဲ့ R17 Neo ကို ကြေညာ

Oppo က ဂျပန်မှာ R17 Neo ကို ကြေညာလိုက်ပါတယ်။ သူဟာ Oppo R17 ကို အခြေပြုထားတဲ့ K1 နဲ့ R15X တို့ရဲ့ ဗားရှင်းတစ်မျိုး ဖြစ်ပါတယ်။ R17 Neo မှာ ၆.၄ လက်မ AMOLED Display ထည့်သွင်းထားပြီး FullHD+ Resolution ဖြစ်ပါတယ်။ Teardrop Notch ပါပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အရောင်နှစ်မျိုးထုတ်လုပ်ထားပါတယ်။

သူ့မှာ Snapdragon 660 , 4GB RAM , 128GB Storage , microSD Card Slot များ ပါပါတယ်။ အနောက်ဘက်မှာ 16MP+2MP Camera များ ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 25MP ဖြစ်ပါတယ်။ R17 ထက် အနည်းငယ် ကြီးမားတဲ့ 3600mAh Battery ထည့်သွင်းထားပါတယ်။ Neo က R17 ထက် ပိုမိုပေါ့ပါးပြီး ၁၅၆ ဂရမ်သာ ရှိပါတယ်။ R17 က ၁၈၂ ဂရမ် ဖြစ်ပါတယ်။ Neo ကို ယမ်း ၃၈၉၈၈ သတ်မှတ်ထားပြီး ၃၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

R17 နဲ့ Neo ရဲ့ ကွာခြားချက် အနည်းငယ်ကို ဖော်ပြလိုက်ပါတယ်။ R17 ရဲ့ အနောက်ဘက်မှာ 2MP အစား 5MP အပို ကင်မရာ ထည့်သွင်းထားပါတယ်။ ကင်မရာ ဒီဇိုင်းက အနည်းငယ် ကွာခြားပါတယ်။ R17 မှာ 6GB နဲ့ 8GB RAM များ ပါပါတယ်။ Storage က တူညီပြီး 128GB ဖြစ်ပါတယ်။

Ref : gsmarena

Oppo က In-display Fingerprint Reader ပါတဲ့ R17 Neo ကို ကြေညာ

%d bloggers like this: