Apple က Face ID ပါတဲ့ iPad Pro အသစ်များကို ကြေညာ

Apple က ဒီဇိုင်းလုံး၀ ဆန်းသစ်ထားတဲ့ iPad Pro အသစ်များကို ကြေညာလိုက်ပါတယ်။ ကိုယ်ထည်ဟာ ပါးလွှာ ပါးချပ်ပြီး မျက်နှာပြင်ဘေးဘောင်များဟာ ပါးလွှာပါတယ်။ Home Button မပါဘဲ Face ID ထည့်ထားပါတယ်။ Lightning Connector အစား USB-C Port ပါပါတယ်။ အဲဒီအတွက် Accessory များစွာကို သုံးနိုင်တော့မှာပါ။ နားကြပ်ပေါက်တော့ မပါပါဘူး။

ယခင် အရွယ်သေးမော်ဒယ် ဖြစ်တဲ့ ၁၀.၅ လက်မထက် အနည်းငယ် ပိုကြီးတဲ့ ၁၁ လက်မ မော်ဒယ်နဲ့ ယခင် အရွယ်ကြီးမော်ဒယ်နဲ့ အရွယ်တူတဲ့ ၁၂.၉ လက်မ မော်ဒယ်များ ထုတ်လုပ်ပေးထားပါတယ်။ မော်ဒယ် အသစ်များဟာ ကိုယ်ထည်များ ၂၅ ရာခိုင်နှုန်း ပိုမိုသေးငယ် ကျစ်လစ်သွားပါတယ်။ ဒါပေမယ့် မျက်နှာပြင်ဘေးဘောင်များ ပါးလွှာလာတဲ့ အတွက် စကရင်က ပိုကျယ်လာပါတယ်။

Apple က အိုင်ပတ် မျက်နှာပြင်များထဲမှာ ဒီမော်ဒယ်များရဲ့ မျက်နှာပြင်ဟာ အကောင်းဆုံးလို့ ပြောပါတယ်။ True Tone Color ချိန်ညှိမှုထည့်ထားပြီး 120hz Refresh Rate ကို ထောက်ပံ့ပါတယ်။ အသံပိုင်းမှာလည်း ပိုကောင်းပြီး ပိုကျယ်လာပါတယ်။ စပီကာ လေးလုံး အတွက် သီးခြား Woofer နဲ့ Tweeter များ ပါလာပါတယ်။

တက်ဘလက် အသစ်များမှာ A12X Bionic Chip ထည့်ထားပြီး iPhone XS မှ A12 ရဲ့ အဆင့်မြင့် ဗားရှင်းပါ။ Chip မှာ 8 Core CPU , 7 Core GPU ပါတဲ့ အတွက် Single-core စွမ်းရည်ဟာ ၃၅ ရာခိုင်နှုန်းနဲ့ Multi-core စွမ်းရည်ဟာ ၉၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ Apple က Core i7 Model များ အပါအဝင် ယခင်နှစ်ထုတ် လက်ပ်တော့များထက် ၉၂ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ပြောပါတယ်။

Apple က Microsoft ကိုလည်း ဆော်လိုက်ပါသေးတယ်။ တက်ဘလက် အသစ်မှာ ဂရပ်ဖစ် စွမ်းရည်ဟာ ၂ ဆ ပိုမြန်လာတဲ့ အတွက် ဂိမ်းကစားရင် Xbox One S နဲ့ ယှဉ်နိုင်တယ်လို့ ပြောပါတယ်။ Apple Pencil အသစ်ကိုလည်း ပြသလိုက်ပြီး iPad Pro ရဲ့ ဘေးဘက်မှာ သံလိုက်ဖြင့် ကပ်ထားနိုင်ပါတယ်။ ဘောပင်မှာ ကြိုးမဲ့အားသွင်းစနစ်ပါပါတယ်။ တက်ဘလက်ကို လက်ပ်တော့လို သုံးနိုင်ဖို့ Smart Keyboard Folio အသစ်ကိုလည်း ထုတ်လုပ်ထားပါတယ်။

iPad Pro အသစ်များကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး ၁၁ လက်မကို ၇၉၉ နဲ့ ၁၂.၉ လက်မကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 64GB ကနေ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရောင်းချမယ်လို့ ထင်ရပါတယ်။ ဘောပင်ကို ၁၃၀ ဒေါ်လာဖြင့် သီးခြား ဝယ်ရမှာပါ။ Specs အပြည့်အစုံကို အောက်ပါ ဇယားမှာ လေ့လာပါ။

ref : tnw

Apple က Face ID ပါတဲ့ iPad Pro အသစ်များကို ကြေညာ

%d bloggers like this: