Honor က Waterplay 8 Tablet ကို ယခုလ ၃၁ ရက်နေ့မှာ ကြေညာမည်

Honor က ယခုလ ၃၁ ရက်နေ့မှာ ပွဲတစ်ခုကျင်းပပြီး Magic 2 ကို ကြေညာတော့မှာပါ။ အခုတော့ ကုမ္ပဏီရဲ့ ဝီဘို စာမျက်နှာကနေ Magic 2 အပြင် အခြား Device များကိုပါ မြင်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒါတွေကတော့ Honor FlyPods , Honor Watch နဲ့ Honor Waterplay 8 Tablet များ ဖြစ်ပါတယ်။

တက်ဘလက်ဟာ လွန်ခဲ့တဲ့ ၁၂ လအကြာက ကြေညာခဲ့တဲ့ Honor Waterplay ရဲ့ အရွယ်သေး မော်ဒယ် ဖြစ်ပါတယ်။ တက်ဘလက် အသစ်မှာ ၈ လက်မ စကရင်နဲ့ အနောက် ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ တက်ဘလက်တွေနဲ့ ဓါတ်ပုံ သိပ်ရိုက်လေ့ မရှိတဲ့ အတွက် ကင်မရာ ၂ လုံးတောင် ထည့်ထားတာ အူကြောင်ကြောင် နိုင်ပါတယ်။

Waterplay အမည် အတိုင်းပဲ သူ့ကို ရေထဲမှာ အသုံးပြုနိုင်ပါတယ်။ IP စံနှုန်းတစ်ခုခု ပါလာမှာပါ။ ယခင်နှစ်ထုတ် Waterplay မှာတော့ 1920x1200p Display , Kirin 659 Chipset, 3/4GB RAM , 32/64GB Storage များ ထည့်သွင်းထားပါတယ်။ Waterplay 8 မှာ လျှင်မြန်စွာ အားသွင်းစနစ်ကို ထောက်ပံ့တဲ့ Kirin 710 Chipset ပါလာနိုင်ပါတယ်။

Ref : gsmarena

Honor က Waterplay 8 Tablet ကို ယခုလ ၃၁ ရက်နေ့မှာ ကြေညာမည်

%d bloggers like this: