iPhone XS နဲ့ XS Max အစား iPhone XR ကို ဝယ်သင့်တဲ့ အချက် (၈) ခု

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Apple က iPhone XR ကို ရောင်းချပေးလိုက်ပါပြီ။ အဲဒီအတွက် ရွေးချယ်စရာ ၃ ခု ဖြစ်လာပါပြီ။ အဲဒီ ၃ ခုထဲက iPhone XS နဲ့ XS Max အစား iPhone XR ကို ဝယ်သင့်တဲ့ အချက်များကို ဖော်ပြလိုက်ပါတယ်။

၁။ iPhone XR ဟာ XS ထက် ၂၅၀ ဒေါ်လာ သက်သာပါတယ်။

တန်ဖိုးက ဖုန်း ဝယ်မယ့် လူတိုင်း စဉ်းစားကြပါတယ်။ iPhone XR ရဲ့ 64GB Model ဟာ ၇၄၉ ဒေါ်လာနဲ့ 256GB Model ဟာ ၈၉၉ ဒေါ်လာ ရှိပါတယ်။ XS ရဲ့ 64GB ဟာ ၉၉၉ နဲ့ 512GB ဟာ ၁၃၄၉ ဒေါ်လာ ရှိပါတယ်။ XS Max ရဲ့ 64GB ဟာ ၁၀၉၉ နဲ့ 512GB ဟာ ၁၄၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

512GB ဆိုတဲ့ပမာဏက ဖုန်းတစ်လုံး အတွက် မလိုအပ်ပါဘူး။ 256GB လောက်ဆိုရင်တောင် ဒေတာများစွာ သိမ်းနိုင်ပါပြီ။

၂။ XS ထက် အရောင်ပိုစုံတဲ့ XR


XS နဲ့ XS Max အတွက် ငွေ၊ အညိုနဲ့ ရွှေရောင် သုံးခုပဲ ရှိပါတယ်။ XR အတွက်တော့ အနက်၊ အဖြူ၊ အနီ၊ အပြာ၊ အဝါနဲ့ အနီဖျော့( ပန်းရောင်) စတဲ့ အရောင် ၆ မျိုးတောင် ရွေးချယ်နိုင်ပါတယ်။

၃။ XS ထက် စကရင် ပိုကြီးတဲ့ XR

XS ရဲ့ စကရင်ဟာ ၅.၈ လက်မသာ ရှိပြီး XR က ၆.၁ လက်မတောင် ရှိပါတယ်။ ပိုကြီးတဲ့ စကရင်ကို လိုချင်ရင် XR ကို ရွေးပါ။ XS Max မှာတော့ ၆.၅ လက်မ စကရင် ပါပါတယ်။

၄။ XS နဲ့ Front Camera တူတဲ့ XR

XS, XS Max နဲ့ XR အားလုံးမှာ တူညီတဲ့ 7MP Front Camera ထည့်သွင်းထားပါတယ်။ Face ID အတွက် TrueDepth Camera System , Portrait Mode , Advanced Bokeh , Depth Control , Full HD Video Recording , Smart HDR (Photo) , Animoji စတဲ့ လုပ်ဆောင်ချက်များဟာ အားလုံးမှာ ပါပါတယ်။

၅။ XR ရဲ့ အနောက်ကင်မရာဟာ XS နီးပါး ရှိပါတယ်။

XR, XS , XS Max အားလုံးမှာ တူညီတဲ့ 12MP Wide-Angle Lens ကို အနောက်မှာ ထည့်ထားပါတယ်။ OIS, Smart HDR, Portrait Mode နဲ့ အခြား လုပ်ဆောင်ချက်များဟာ အားလုံးမှာ ပါပါတယ်။ ကွာခြားချက်တစ်ခုက Zoom လုပ်ဆောင်ချက်မှာပါ။ XR မှာ Telephoto Lens မပါတဲ့ အတွက် 3x Digital Zoom ကိုပဲ ရပါတယ်။ XS, XS Max များမှာ Telephoto Lens ပါတဲ့ အတွက် 2x Optical Zoom နဲ့ 6x Digital Zoom ကို ရပါတယ်။ Zoom အရမ်း မသုံးသူများအတွက်တော့ XR ရဲ့ ကင်မရာ စွမ်းရည်ဟာ XS နဲ့ တူညီတယ်လို့ ဆိုနိုင်ပါတယ်။

၆။ XR နဲ့ XS တို့မှာ တူညီတဲ့ Chip ထည့်ထားပါတယ်။

ဈေးပေါတဲ့ XR ဟာ စွမ်းရည်နိမ့်မယ်လို့ထင်ရင် မှားသွားမှာပါ။ အိုင်ဖုန်း အသစ်အားလုံးမှာ တူညီတဲ့ A12 Bionic Chip ထည့်ထားပါတယ်။ သူ့မှာ Core ၆ လုံး ပါတဲ့ CPU ,Core ၄ လုံးပါတဲ့ GPU နဲ့ နောက်မျိုးဆက် Neural Engine ပါပါတယ်။

၇။ XS ထက် ဘက်ထရီ သက်တမ်း ပိုကောင်းတဲ့ XR

XS ရဲ့ ဘက်ထရီ သက်တမ်းဟာ ၁၂.၅ ကနေ ၁၃.၅ နာရီ ရှိပါတယ်။ XS Max က ၁၃.၅ ကနေ ၁၄.၅ နာရီ အသုံးခံပါတယ်။ XR ကတော့ ၁၅.၅ ကနေ ၁၆.၅ နာရီတောင် အသုံးခံပါတယ်။

၈။ XR မှာလည်း Dual SIM ပါပါတယ်။

အိုင်ဖုန်း အသစ် အားလုံးမှာ Dual SIM လုပ်ဆောင်ချက် အသစ်ပါပါတယ်။ Physical Nano-SIM Card တစ်ခုနဲ့ Electronic SIM Card (eSIM) တစ်ခု အသုံးပြနိုင်ပါတယ်။ ကဒ်နှစ်ခု ထည့်နိုင်တဲ့ အတွက် Carrier ၂ ခုကို သုံးနိုင်မှာပါ။ တရုတ်မှာတော့ Physical Card ၂ ခု ထည့်ရတဲ့ မော်ဒယ်ကို ရောင်းချပေးတာ သတိပြုပါ။

Ref : businessinsider

iPhone XS နဲ့ XS Max အစား iPhone XR ကို ဝယ်သင့်တဲ့ အချက် (၈) ခု

%d bloggers like this: