iPhone XR ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရောင်းချပေးလိုက်ပါတယ်။ သူ့ရဲ့ အခြေခံ မော်ဒယ်ဟာ ၇၄၉ ဒေါ်လာ ဖြစ်ပြီး အိုင်ဖုန်း အသစ်သုံးလုံးထဲမှာ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် iPhone XS ရဲ့ A12 Bionic Chip ကိုပဲ သုံးထားတဲ့ အတွက် အလွန် လျှင်မြန်ပါတယ်။
Geekbench ရဲ့ စမ်းသပ်မှုအရ 4 Multi-core နဲ့ Single-core ရမှတ် စာရင်းအရ Galaxy Note 9 ဟာ ၈၇၆၅ နဲ့ ၂၄၄၂ မှတ် အသီးသီးရထားပါတယ်။ သူ့ရဲ့ အခြေခံ မော်ဒယ်ဟာ ၉၉၉ ဒေါ်လာ ဖြစ်ပြီး iPhone XR ထက် ၂၅၀ ဒေါ်လာ ပိုများပါတယ်။ Galaxy S9 Plus က ၈၆၆၁ နဲ့ ၃၃၇၁ မှတ်များ ရထားပါတယ်။ S9 က ၈၅၁၈ နဲ့ ၃၂၇၃ မှတ် ရယူထားပါတယ်။ သူတို့ရဲ့ တန်ကြေးက ၈၄၀ နဲ့ ၇၂၀ ဒေါ်လာ ဖြစ်ပြီး iPhone XR နဲ့ မတိမ်းမယိမ်း ဖြစ်ပါတယ်။
iPhone XR ကတော့ အထက်ပါ ဖုန်းအားလုံးထက် အမှတ်များနေပါတယ်။ ၁၀၉၈၀ နဲ့ ၄၇၉၅ မှတ်များ အသီးသီး ရရှိထားပါတယ်။ iPhone XR ဟာ ဈေးအပေါဆုံး iPhone XS ထက် ၂၅၀ ဒေါ်လာ သက်သာပါတယ်။ iPhone XR ဟာ အိုင်ဖုန်း အသစ်အားလုံးထဲမှာ ရောင်းအား အကောင်းဆုံး ဖြစ်လာမယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။
ref : redmondpie
Samsung Galaxy Note 9 ထက် ၂၅ ရာခိုင်နှုန်း ပိုမြန်တဲ့ iPhone XR
You must log in to post a comment.