Vivo X23 အတွက် Star Edition အရောင်အသစ် ထွက်ရှိ

Vivo X23 ကို စက်တင်ဘာလ အစောပိုင်းမှာ ကြေညာခဲ့ပြီး Magic Blue, Phantom Purple နဲ့ Phantom Red အရောင်များဖြင့် ထွက်လာပါတယ်။ အခုတော့ Star Edition အရောင် အသစ်ကိုပါ မိတ်ဆက်လိုက်ပါပြီ။ Star Edition မှာ အနီဖျော့ကနေ အနီရင့် အရောင်များ အထိ ပါဝင်ပါတယ်။ အနောက်ဘက်ကို ဒေါင်လိုက်မျဉ်းကြောင်းများဖြင့် အလှဆင်ထားတာက ထူးခြားပါတယ်။ ယွမ် ၃၅၀၀ ( ယူရို ၄၄၀) ဖြင့် ကြိုတင်မှာယူနိုင်ပါပြီ။

အရောင်က လွဲပြီး အခြား အစိတ်အပိုင်းက မူလမော်ဒယ်များနဲ့ တူညီပါတယ်။ Vivo X23 ဖုန်းမှာ Snapdragon 670 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ 6.4-inch ကိုယ်ထည်ပြည့် Display ထည့်သွင်းထားပြီး Super AMOLED Screen ဖြစ်ပါတယ်။ ဘက်ထရီက 3400mAh ဖြစ်ပါတယ်။

အနောက်ဘက်မှာ 12MP f/1.8+13MP f/2.4 Camera များ ပါပါတယ်။ အရှေ့ဘက်မှာ 12MP Camera ထည့်သွင်းထားပါတယ်။ Android 8.1 Oreo ထည့်သွင်းထားပါတယ်။ 128GB Storage ပါပါတယ်။ Under-display Fingerprint Sensor နဲ့ အဆင့်မြင့် 3D Face Recognition တို့ ထည့်သွင်းထားပါတယ်။

Ref : gsmarena

Vivo X23 အတွက် Star Edition အရောင်အသစ် ထွက်ရှိ

%d bloggers like this: