Samsung က ယူရို ၃၀၀ တန် 512GB microSD Card ကို ရောင်းချတော့မည်

Samsung က နွေရာသီမှာ 512GB microSD Card ကို ကြေညာခဲ့ပါတယ်။ သူ့ကို အခုတော့ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ဆမ်ဆောင်းရဲ့ ဂျာမနီ ဝက်ဘ်ဆိုက်နဲ့ အွန်လိုင်း စတိုးမှာ သူ့ကို ယူရို ၂၈၉.၉၀ သတ်မှတ်ထားပါတယ်။ သူ့ကို ရောင်းချခြင်း မရှိသေးပေမယ့် စာရင်းပေးသွင်းထားနိုင်ပါတယ်။

512GB microSD Card ကို ယူရို ၃၀၀ နီးပါး သတ်မှတ်ထားတာက ဈေးများတယ်လို့ ဆိုနိုင်ပါတယ်။ 256GB microSD Card ဟာ ၉၉.၉၀ ယူရိုသာ ရှိတဲ့ အတွက် ယူရို ၃၀၀ ဖိုးဆိုရင် 256GB Card ၃ ခု ရနိုင်ပါတယ်။ ဆမ်ဆောင်းရဲ့ ဂျာမနီ ဝက်ဘ်ဆိုက်မှာ 512GB SD Card ကို အရစ်ကျ ဝယ်ယူနိုင်မယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။

EVO Plus Card ရဲ့ Read နဲ့ Write Speed မှာ 100 MB/s အထိ ရှိပါတယ်။ ဆမ်ဆောင်းက 3GB ပမာဏ ရှိတဲ့ 4K Video ကို ၃၈ စက္ကန့်အတွင်းမှာ ကူးပြောင်းနိုင်တယ်လို့ ပြောပါတယ်။ ၇၈ နာရီကြာ Full HD Video များ သို့မဟုတ် ဓါတ်ပုံပေါင်း ၁၅၀ ၃၀၀ ကို သိမ်းဆည်းပေးနိုင်ပါတယ်။ ဒါပေမယ့် Storage ပမာဏရဲ့ ၉၃.၁ ရာခိုင်နှုန်းကိုသာ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ SD Adapter ကိုလည်း ကဒ်နဲ့ အတူ ထည့်သွင်းပေးထားပါတယ်။ သူ့အတွက် ၁၀ နှစ်ကြာတောင် Warranty ပေးထားပါတယ်။

Ref : gsmarena

Samsung က ယူရို ၃၀၀ တန် 512GB microSD Card ကို ရောင်းချတော့မည်

%d bloggers like this: