တစ်ပတ်အတွင်းမှာ အလုံးရေ ၉ သန်း ရောင်းချနိုင်ခဲ့တဲ့ iPhone XR

Rosenblatt Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Jun Zhang မှ ဒေတာများအရ Apple က ပထမဆုံး ရောင်းချတဲ့ တစ်ပတ်အတွင်းမှာ iPhone XR အလုံးရေ ၉ သန်း ဝန်းကျင် ရောင်းချရတယ်လို့ သိရပါတယ်။ ဒါဟာအလွန် ရောင်းအားကောင်းတယ်လို့ ပြောနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါပေမယ့် Zhang ယခင်က ခန့်မှန်းထားတဲ့ အလုံးရေ ၁၀ သန်းတော့ မပြည့်ခဲ့ပါဘူး။

Zhang က နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ အလုံးရေ ၈၈ နဲ့ သန်း ၉၀ အကြား ရောင်းချရနိုင်တယ်လို့ တွက်ချက်ထားပါတယ်။ အားလပ်ရက်ရာသီမှာလည်း iPhone XR ဟာ ရောင်းအား စံချိန်တင်နိုင်မယ်လို့ Zhang က ခန့်မှန်းထားပါတယ်။ iPhone XR ရဲ့ ဈေးဟာ သက်သာတဲ့ အတွက် ရောင်းအား ကောင်းနိုင်တယ်လို့ တွက်ချက်ထားပါတယ်။ iPhone XR နဲ့ အတူ ဒီညမှာ ကြေညာမယ့် iPad Pro နဲ့ MacBook Model အသစ်များကြောင့် Apple ဟာ ဝင်ငွေ ၉၁ ဘီလီယမ်ကျော် ရှိမယ်လို့ တွက်ချက်ထားပါတယ်။

Apple က ဈေးသက်သာတဲ့ iPhone XR ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရောင်းချပေးလိုက်ပါပြီ။ iPhone XR ကို iPhone XS , iPhone XS Max များနဲ့ အတူ ကြေညာခဲ့ပေမယ့် စွမ်းရည်မြင့် ဖုန်း ၂ လုံးကို အရင် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ XR မှာ စွမ်းရည်မြင့် ဖုန်း ၂ လုံးရဲ့ လုပ်ဆောင်ချက်များ ပါပေမယ့် ဈေးနှုန်း သက်သာပါတယ်။ သူ့မှာ တူညီတဲ့ ပရော်ဆက်ဆာ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ကုန်ကျစားရိတ် သက်သာတဲ့ ကိုယ်ထည် ထည့်သွင်းထားပါတယ်။ သူ့ရဲ့ တန်ဖိုး အနည်းဆုံး မော်ဒယ်ကို စတာလင်ပေါင် ၇၄၉ သတ်မှတ်ထားပါတယ်။

Ref : gsmarena

တစ်ပတ်အတွင်းမှာ အလုံးရေ ၉ သန်း ရောင်းချနိုင်ခဲ့တဲ့ iPhone XR

%d bloggers like this: