ကမ္ဘာအဝန်းမှာ ရောင်းတော့မယ့် Xiaomi Mi 8 Lite

Xiaomi က Mi 8 Lite အတွက် 4/64 GB, 6/64 GB, 6/128 GB များ ထုတ်လုပ်ပေးထားပြီး ယွမ် ၁၃၉၉ ၊ ၁၆၉၉ နဲ့ ၁၉၉၉ အသီးသီး သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၅ နဲ့ ၂၉၀ ဒေါ်လာ အတွင်း တန်ကြေးရှိပါတယ်။ သူ့ကို တရုတ်နဲ့ ယူကရိန်းမှာသာ ရောင်းချပေးထားပါတယ်။ အခုတော့ ကမ္ဘာအဝန်းမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းကို ရှောင်မီရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ Donovan Sung က တွစ်တာမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ Twilight Gold , Dream Blue နဲ့ Deep Space Gray အရောင်သုံးမျိုးစလုံးကို ကမ္ဘာအဝန်းမှာ ရောင်းချနိုင်ပါတယ်။ Mi 8 Lite ဟာ စွမ်းရည်မြင့် Mi 8 Series များထဲမှ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။

Xiaomi Mi 8 Lite မှာတော့ 6.26-inch 1080x2280p LCD နဲ့ဖြစ်ပြီး Snapdragon 660 chipset ကိုသုံးထားပါတယ်။ ကင်မရာပိုင်းအတွက် 12MP + 5MP ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး၊ အရှေ့ဘက်မှာ 24MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3,350mAh နဲ့ဖြစ်ပါတယ်။ Mi 8 Lite စမတ်ဖုန်းတွေရဲ့ နောက်ကျောဘက်မှာ Fingerprint Scanner ကိုတပ်ဆင်ထားပါတယ်။

Ref : gsmarena

ကမ္ဘာအဝန်းမှာ ရောင်းတော့မယ့် Xiaomi Mi 8 Lite

%d bloggers like this: