In-display Fingerprint Reader နဲ့ အရွယ်သေး Notch ပါတဲ့ OnePlus 6T

OnePlus 6T ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ သူ့မှာ Waterdrop စတိုင် Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ၊ အရွယ်ကြီး ဘက်ထရီများ ထည့်သွင်းထားပါတယ်။ သူဟာ ယခင်မျိုးဆက်ထက် စကရင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ ပါးလွှာပါတယ်။ လက်ဗွေရာ ကိရိယာကို စကရင်ရဲ့ အောက်ဘက်ခြမ်းမှာ မြှပ်နှံထားပါတယ်။

သူ့မှာ ၆.၄ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး ယခင်မျိုးဆက်ရဲ့ ၆.၂၈ လက်မထက် အနည်းငယ် ကြီးမားပါတယ်။ OnePlus 6 ရဲ့ 3300mAh ထက်ပိုကြီးတဲ့ 3700mAh Battery ထည့်သွင်းထားပါတယ်။ ကင်မရာ ဟာ့ဒ်ဝဲများဟာ OnePlus 6 နဲ့ တူညီပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲ အပိုင်းမှာ ကွာခြားပါတယ်။ အနောက်ဘက်မှာ 16MP f/1.7 OIS Camera နဲ့ 20MP f/1.7 Camera များ ထည့်သွင်းထားပြီး 2x Telephoto Shot ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ 16MP f/2.0 Camera ပါပါတယ်။

အနောက်ကင်မရာများဟာ ယခင်မျိုးဆက်ထက် ပိုကောင်းတဲ့ HDR Image များကို ထုတ်လုပ်ပေးပါတယ်။ Huawei Night Mode , Pixel 3 Night Sight နဲ့ တူတဲ့ Nightscape လုပ်ဆောင်ချက်လည်း ပါပါတယ်။ Snapdragon 845 Chipset မောင်းနှင်ထားပါတယ်။ Android 9 Pie အခြေပြု OxygenOS ထည့်သွင်းထားပြီး Gaming Mode နဲ့ Smart Boost အသစ်များ ပါလာပါတယ်။

Apple ရဲ့ Gesture အခြေပြု Navigation နဲ့ တူတဲ့ Gesture System ထည့်သွင်းထားပါတယ်။ 20W အမြန်နှုန်းရှိတဲ့ Dash Charge ပါပါတယ်။ သူ့ရဲ့ Charger နဲ့ မိနစ် ၃၀ အားသွင်းရင် တစ်နေ့လုံး အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပြီး 6GB+128GB ကို ၅၅၀ ဒေါ်လာ၊ 8GB+128GB ကို ၅၈၀ ဒေါ်လာ၊ 8GB+256GB ကို ၆၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြောက်အမေရိကမှာ နိုဝင်ဘာလ ၁ ရက်နဲ့ ဥရောပမှာ ၆ ရက်နေ့မှာ ရောင်းချမှာပါ။

Ref : gsmarena

In-display Fingerprint Reader နဲ့ အရွယ်သေး Notch ပါတဲ့ OnePlus 6T

%d bloggers like this: