သင့်အနေနဲ့ Premium ဆန်ဆန်ခံစားမှုမျိုးနဲ့ လုပ်ဆောင်ချက်ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်စေမယ့် ဖုန်းတစ်မျိုးကို ကိုင်ဆောင်လိုပါသလား။ Huawei နည်းပညာကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ Honor ဖုန်းသစ်တစ်မျိုးကို တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ နောက်ဆုံးထွက်လာတဲ့ Huawei Honor 5C ကို P9 lite လို့တောင်နာမည်ပေးထားကြပြီး ဈေးနှုန်းကတော့ ပိုမိုသက်သာပါတယ်။
ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကတော့ ၅.၂လက်မရှိပြီး FullHD Resolution ရှိမယ့် IPS LCD မျက်နှာပြင်၊ Kirin 650 Chipset၊ octa-core CPU၊ 2GB RAM နဲ့ 16GB ကနေ 128GB အထိရှိမယ့် Internal Storage ပမာဏတို့ပဲ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း 13MP ရှိတဲ့ ကျောဘက်ကင်မရာနဲ့ LED Flash မီး၊ ရှေ့မျက်နှာကင်မရာ မှာလည်း 8MP ရှိတဲ့ကင်မရာတို့ပါဝင်တာကြောင့် Selfie ရိုက်ချင်တဲ့ လူငယ်တွေအတွက် ကင်မရာအဆင်ပြေနိုင်တဲ့ ဖုန်းတစ်မျိုးဖြစ်ပါတယ်။
နောက်ထပ်စားသွားတဲ့ စွမ်းဆောင်ရည်တစ်ခုကတော့ Fingerprint Sensor ကို ထည့်သွင်းထားတဲ့ အချက်ပဲဖြစ်ပါတယ်။ တန်ဖိုးသင့်ဖုန်းတွေထဲမှာ Fingerprint Sensor ပါဝင်တဲ့ ရှားရှားပါးပါးဖုန်းတစ်လုံးလို့တောင်ပြောလို့ရပြီး ကင်မရာရဲ့ အောက်ဖက်လက်ညိုးနေရာမှာ ထည့်သွင်းပေးထားတာပါ။
Honor 5C ဟာ Dual-SIM ထည့်သွင်းနိုင်ပြီး 2G, 3G အပြင် ဘယ်လိုဆက်သွယ်ရေးလိုင်းမျိုးမဆို အဆင်ပြေစေနိုင်ပါတယ်။ Bluetooth v4.1, Wi-Fi, GPS, တို့လည်း ရရှိဖမ်းယူနိုင်မှာပါ။ အတိုင်းအတာအနေနဲ့ 147.1 x 73.8 x 8.3mm နဲ့ အလေးချိန်ကတော့ ၁၅၆ဂရမ်ရှိပါတယ်။ ဘက်ထရီမှာဆိုရင်တော့ 3000mAh ဘက်ထရီကိုတပ်ဆင်ပေးထားတာဖြစ်ပါတယ်။ USP 2.0 Type-C USB ကိုထောက်ပံ့ပေးထားပါတယ်။ စမတ်ဖုန်းဟာ Software အနေနဲ့ နောက်ဆုံးထွက် Android ဗားရှင်း 6.0 Marshmallow ကိုအသုံးပြုအလုပ်လုပ်မှာပါ။
ဧပြီလ၂၈ရက်နေ့ကစတင်ပြီးတော့ တရုတ်နိုင်ငံမှာစတင်ရရှိနေပြီဖြစ်ကာ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၃၉ (ကျပ် ၁၆၅,၀၀၀ခန့်) ရှိမှာဖြစ်ပါတယ်။
Ref: GSMArena
You must log in to post a comment.